Uni/Zgi
"ကိုကို ပြန်လာပြီ"
ခြံထဲသို့မောင်းဝင်လာသည့်ကားနှင့်အတူ ညီမလေးရဲ့အသံလွင်လွင်ကထွက်လာသည်။ ဂယောင်ဆူးကားပေါ်ကဆင်းသည်နှင့် ဆူးရီကဂျောင်ဆူးလက်ကို အားရပါးရလှမ်းဆွဲသည်။
"ကိုကို တကယ်ရောက်လာတယ်နော်၊ ဆူးရီကကိုကိုမလာဘူးတောင်ထင်တာ...."
"အင်း လာစေချင်တယ်မလား"
"ဒါပေါ့.....အိမ်ထဲဝင်ရအောင်လေ မေမေစောင့်နေတယ်"
ဂယောင်ဆူး အိမ်ထဲသို့ဆူးရီခေါ်သည့်အတိုင်းလိုက်လာခဲ့တော့ မေမေကထမင်းစားခန်းတွင် စားစရာများနေရာချနေရင်း ဝင်လာသည့်ဂယောင်ဆူးကိုတစ်ချက်မော့ကြည့်သည်။ ထို့နောက်ဘာစကားမှမပြောပဲ သူလုပ်စရာရှိသည်များကိုဆက်လုပ်နေသလို ဂယောင်ဆူးလည်း ဘာမှမပြောပဲ ဒီအတိုင်းဝင်ထိုင်လိုက်သည်။ မေမေနဲ့သူ့ရဲ့ဆက်ဆံရေးက 'နေကောင်းလား'လို့တောင်နှုတ်ဆက်ရမည့်ဆက်ဆံရေးဟုတ်မနေ။
"မေမေ စားလို့ရပြီလား?"
"အင်း စားတော့....."
မေမေက ဆူးရီစကားကိုပြန်ဖြေပြီးသူပါ ဝင်ထိုင်လာသည်။
"ပြန်လာသေးတာပဲနော်"
ထိုစကားက ထမင်းငုံ့စားနေပြီဖြစ်သည့် ဂယောင်ဆူးကို ရည်ညွှန်းမှန်း ထိုင်နေသူသုံးယောက်လုံးသိကြသည်။ ဂယောင်ဆူးက အရှေ့မှ အသားတစ်ဖက်ကိုတူနဲ့ညှပ်လိုက်ကာ ပါးစပ်ထဲထည့်လိုက်သည်။
"ဆူးရီ လှမ်းခေါ်လိုက်တာ မေမေ!"
ဆူးရီကနှစ်ယောက်ကြားကဝင်ဖြေသည်။ မေမေကဂယောင်ဆူးအား ခပ်တင်းတင်းတစ်ချက်ကြည့်ပြီး
"မင်းဘယ်တော့အိမ်မှာပြန်နေမှာလဲ ဒိုဂယောင်ဆူး! မင်းကအိမ်မရှိယာမရှိ မိသားစုမရှိတဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာ သိထား!"
မေမေ့စကားကြောင့် ဂယောင်ဆူး ကိုင်ထားသည့်တူကို ဘေးချလိုက်ကာ
"အဲ့ဒီဂုဏ်ပုဒ်ကမေမေကိုယ်တိုင်ပေးခဲ့တာပါ"
"ဘာ!"
"ကျွန်တော့်ကိုမိသားစုထဲကဖယ်ထုတ်ခဲ့တာမေမေကိုယ်တိုင်ပဲလေ"
![](https://img.wattpad.com/cover/305263115-288-k304050.jpg)