3

1.8K 240 38
                                    

ဟူး ~

ဒီရက်ပိုင်းဟာ japan မှ အများဆုံးထွက်ပြီး ရေငန်ပုလဲတစ်မျိုးဖြစ်တဲ့ akoya pearl
တင်သွင်းမှုမှာ အခက်အခဲတစ်ချို့ ကြုံနေရ၍ သူ့စိတ်တွေက သိသိသာသာ ပင်ပန်းနေသည် ။

ထိုအလုပ်ကိစ္စနဲ့ ပတ်သက်ပြီး အစ်ကို့ဆီသို့
မရောက်ဖြစ်သည်မှာလည်း တစ်ပတ်ခန့်ရှိခဲ့ပြီ ။

ဒီညနေကျရင်တော့ စိတ်အပန်းပြေစေဖို့အတွက်
အစ်ကို့ဆီကို သွားဖို့ရန် စဉ်းစားထားသည် ။

one night stand တွေ အများကြီး ရှိခဲ့ဖူးပေမဲ့
အစ်ကိုဆိုတဲ့ kim seok jin ကိုသာ ပထမဆုံး
သီးသန့် sponsor ပေးထားခဲ့ဖူးတာဖြစ်သည် ။

အသက် 25နှစ်နဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်
တစ်ယောက်ဖြစ်နေသည့် သူဟာ များပြားလှတဲ့ အလုပ်အကိုင်တွေကြား ချစ်သူရည်းစားထားဖို့ရန်
အချိန်သပ်သပ် မပေးနိုင်ခဲ့ပေ ။

သို့သော် တစ်ခါတရံမှာ‌ ပုထုစဉ်လူသားပီပီ
လိုချင်မိတဲ့ သာယာမှုကို ဖြည့်ဆည်းနိုင်ရန် ယောကျာ်း ၊ မိန်းမ တော်တော်များများနဲ့
ပတ်သက် ဆက်ဆံခဲ့သည် ။

သန့်သန့်လေးတွေသာ ကြိုက်တတ်တဲ့
သူ့အတွက် nam joon က ပိုင်ဆိုင်ထားတဲ့
Monster club မှ အသန့်လေးတွေကို
သူ့အတွက် ရှာဖွေပေးလေ့ရှိသည်‌ ။

အစ်ကို့ကိုလည်း ထို club မှာ waiter အဖြစ်
တွေ့ခဲ့တာပင် ။

စတွေ့စဉ်ထဲက သူများနဲ့မတူတဲ့ ရုပ်ရည် ။
ရီဝေဆွေးလျနေတတ်သည့်အကြည့်လေးတွေ ။
တစ်မူထူးခြားနေခဲ့တဲ့ အမူအရာလေးတွေကြောင့် အစ်ကို့ကို သူ အရမ်းစိတ်၀င်စားခဲ့မိသည် ။

စိတ်၀င်စားခဲ့မိ‌တာကြောင့် အစ်ကို့ရဲ့ အကြောင်းကို သိချင်လာသည် ။ စုံစမ်းကြည့်လိုက်မိတော့
အစ်ကိုဟာ လွန်ခဲ့တဲ့ 2 နှစ်ခန့်က ဒယ်ဟန်ဆေးရုံရဲ့
ဆရာ၀န်တစ်ယောက်ဖြစ်ခဲ့ဖူးသည်တဲ့ ။

အဖေဖြစ်သူ ထားခဲ့တဲ့ ‌အကြွေးတွေ ၊ ရောဂါသည် အမေ့အတွက်ဆေးကုသစရိတ်တွေ အပြင် ကျောင်းတက်နေဆဲ ညီလေးရဲ့ ကျောင်းစရိတ်တွေ စတဲ့ စတဲ့ ကုန်ကျစရိတ်တွေအတွက် အစ်ကိုရတဲ့
လစာဟာ မလုံလောက်ခဲ့ပေ ။

after you're gone Where stories live. Discover now