Come To Me

1.5K 138 12
                                    

#krisyeol
#oneshot(part_3)

''hmmmm………''
          
  Kristine သက်ပြင်းမောတစ်ခုကိုချရင်း အိပ်ရာပေါ်သို့ ပစ်လှဲလိုက်သည်။

kristine , park chanyeol ဆိုတဲ့ကောင်လေးအကြောင်းစုံစမ်းနေတာ ဒီနေ့နဲ့ဆို (၅) ရက်မြောက်နေ့ပေါ့။စုံသာစုံစမ်းနေမိတာ သူမ ခုထိ သူ့အကြောင်းဘာမှစုံစမ်းလို့မရပေ။သူမ Mrs.park ရဲ့အိမ်ကိုနောက်တစ်နေ့သွားကြည့်တော့လည်းအိမ်ကြီး ကသော့ခတ်ထားလေသည်။ဘေးပတ်ဝန်းကျင်ကလူတွေမေးကြည့်တော့ ဒီအိမ်ကြီးမှာလူမနေတာကြာပြီတဲ့။

aishhh…သူဘာလို့အဲ့လောက်တောင်စုံစမ်းရခက်ရတာလဲ??လျှို့ ဝှက်ချက်တွေနဲ့ ပြည့်
နင်ဘယ်လိုလူလဲ park chanyeol ရယ်……

ထိုအချိန်မှာပဲ အိပ်ခန်းအပြင် ကတံခါးခေါက်သံကြောင့် သူမ အတွေးစ ပျက်သွားလေသည်။

''kristine…ထမင်းမစားသေးဘူးလား??လာစားတော့လေ…နောက်ကျနေပြီ''

''nae…''

kristine  နာရီ ကိုလှမ်းကြည့်လိုက်တော့  (၉) နာရီ  ထိုးဖို့ (၁၀) မိနစ်…

ဘာလိုလိုနဲ့ တစ်ရက် ကုန်သွားပြန်ပြီပဲ…

သူမ ခုမှ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ် …လူနာတွေကိုဆေးကုသပေးနေရမယ့်အစား ခဏတာတွေ့ခဲ့ရတဲ့ကောင်လေးတစ်ယောက်အတွက် သူမ အချိန်တွေကိုဖြုန်းတီးနေမိတာပဲ။
ပြီး…ပြီးတော့ သူက သေပြီးသားလား အသက်ရှင်နေသေးလားလဲ မသိဘဲနဲ့ သူမ ဘာလို့မျှော်နေမိတာလဲ?

သူမ စောစောကတည်းကဘာလို့ ဒီလို မသုံးသပ်မိတာပါလိမ့်??
တော်ပြီ…နောက်နေ့ကစပြီး သူ့အကြောင်းမစုံစမ်းတော့ဘူး။ဟုတ်တယ်…အဲ့ဒါအကောင်းဆုံးပဲ။

kristine ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချလိုက်ရင်း သူမကိုယ်ပေါ်က အင်္ကျီ ကိုချွတ်ချလိုက်ကာ  ရေချိုးခန်း ထဲဝင်လာလိုက်သည်။

kristine ရေပန်း ကို အပူနဲ့အအေးမျှအောင် ခလုတ်ကို ဟိုလှည့်ဒီလှည့်  လုပ်နေတုန်းမှာပဲ မိုးခြိမ်းသံ ကြားလိုက်ရလေသည်။

မိုးရွာပြန်ပြီ……ဒုက္ခပါပဲ…သူမ မေ့မလို့ လုပ်နေတာကို !မိုးစုတ် မိုးနာ မိုးပဲ့!!!!

Come To MeWhere stories live. Discover now