Come To Me

1.3K 128 2
                                    

#krisyeol
#oneshot(part _2)

'သူ့...သူ့နာမည်က'

'သူ့နာမည်က Chanyeol...Park chanyeol'

'ဟင်!!!!!!'

*park...park chanyeol ဆိုတာဟိုနေ့ကကျမကားကိုတားတဲ့တစ်ယောက်များလား?မဖြစ်နိုင်တာ...လုံးဝမဖြစ်နိုင်ဘူး*
'အန်...အန်တီ့သားကဘယ်နေ့ကသေသွားတာလဲဟင်?'

'အန်တီ့သားသေတာဒီနေ့နဲ့ဆို (၁၀)နှစ်နဲ့ (၆)လတိတိပြည့်သွားပါပြီကွယ်...'
ထိုအမျိုးသမီးကြီးမှာ သူ့သားသေသွား သည့်ရက်ကိုပြန်သတိရသွားသည့်ပုံနှင့်မျက်ရည်များကျလာလေသည်။
kristine မှာတော့ ထိုအမျိုးသမီး ရဲ့စကားကြောင့် ကြက်သီးမွေးညင်း များထလာလေသည်။ဒါ...ဒါဆို...သူမ ဟိုနေ့ကတွေ့ခဲ့တာ.........

'ဟေ့ ...ကလေးမ!!!ငါမင်းကိုလူနာကြည့်ဖို့ခေါ်လာတာနော်။ဘာတွေလျှောက်စပ်စုနေတာလဲ??'

နောက်ကရပ်ကြည့်နေတဲ့ဦးလေးကြီးမှာစိတ်မရှည်တော့သည့်ပုံနှင့် သူမကိုမေးလိုက်တော့မှ kristine ရဲ့အတွေးစတို့ပြတ်တောက်သွားလေသည်။
သူမ အန်တီ့ကို စမ်းသပ်ကြည့်ပြီး လိုအပ်သည့်ဆေးတို့ကို ထုတ်ပေးလိုက်သည်။

'အန်တီ...ဒီဆေးကိုတော့ မနက်တစ်လုံး ညနေတစ်လုံးပုံမှန်သောက်ပါ။နည်းနည်းတော့အိပ်ငိုက်လိမ့်မယ် အန်တီ ။ကျန်တဲ့ဆေးနှစ်လုံးကိုတော့ ထမင်းစားပြီးတိုင်းသောက်ပါ'

'သာဓုကွယ်...သာဓု ...သာဓု သမီးရယ်...သမီးလေးကသမီးမိဘတွေနဲ့မတူဘဲလိမ္မာယဉ်ကျေးလွန်းတဲ့သမီးလေးပဲ။ဒါပေမယ့် အန်တီပြောတာမှတ်ထားနော်သမီး...အတိတ်ဆိုတာတစ်ခါတစ်လေ သမီးတို့ထင်သလို ကျန်ရစ်ခဲ့တာမဟုတ်ဘူး။ အတိတ်ကပစ္စုန်မှာလည်းကိုယ့်ကိုပြန်ပြီးဒုက္ခပေးတတ်တယ်နော်သမီး'

kristine အန်တီ ရဲ့ စကားကြောင့် ကြောင်သွားသည်။အန်တီဘာတွေပြောနေတာပါလိမ့်?

'အန်တီ ဘာကိုဆိုလိုတာလဲ?'

'တစ်နေ့ကျရင်သိမှာပေါ့ကွယ်...ဟီး...ဟီး...ဟီး...ဟီး...'
ထိုအန်တီကြီးမှာ ပြောလည်းပြော ရယ်လည်းရယ်ကာ kristine ကို စိုက်ကြည့်နေလေသည်။
kristine မှာတော့ ခြောက်အက်အက်ရယ်သံကြီးနဲ့အတူ သူမ ကို ဝါးစားတော့မတတ် ကြည့်နေတဲ့ မျက်လုံး ပြူးပြူးကြီးတွေကြောင့် နှလုံးခုန်သံမြန်လာကာ ကြောက်ဒူး တုန်လာလေရဲ့...
သူမ ကြည့်နေစဉ်မှာပဲ ထိုအန်တီကြီးမှာ ကုတင်ပေါ်မှ ဆင်းလာပြီး သူမဆီ လေးဘက်ထောက်ကာ တရွေ့ရွေ့ နှင့် လာနေလေသည်။
*မ...မလာနဲ့ သွား!!!!သွားပါဆို ...သွား!!*
သူမ ပါးစပ်ကအော်နေပေမယ့် အသံမထွက်လာဘဲ စိတ်ထဲမှာ အော်နေမိတယ်။
ထို့နောက်တွင်တော့ သူမ ကြမ်းပြင်ပေါ် ပစ်လဲ ကျသွားကာ တစ်လောကလုံး မှောင်အတိကျသွားလေသည်။
~~~~~

Come To MeWhere stories live. Discover now