KimTaeအိမ်ပြန်ရောက်တော့...
တစ်ခုခုမေ့ကျန်ခဲ့သလိုပဲ...
ဘာမေ့ကျန်ခဲ့လဲဆိုတော့ ဆရာရဲ့ဖုန်းနံပါတ်ကလေးပေါ့...(မနက်ဖြန် တောင်းကိုတောင်းရမယ်...🤗)(ဆရာနဲ့မတွေ့ရတဲ့အချိန်တခနက....
အရမ်းပဲ ကြာနေသလို...မနက်က မိုးမလင်းနိုင်
အတွေးများစွာနဲ့ KimTaeအိပ်ပျော်ခဲ့ရတော့၏)
........
......
နောက်နေ့မနက်ကျောင်းကို အစောကြီးရောက်နှင့်နေခဲ့တာ...ဆရာ့ ဖုန်းနံပါတ်တောင်းဖို့တောင်
ရင်ခုန်နေလေရဲ့...
ကျောင်းမတက်ခင် ၁၅မိနစ်အလို.......
ဆရာရောက်လောက်ပီ အထင်ဖြင့်
ချက်ချင်း ဆရာတွေနားနေဆောင်ကိုသွားတော့၏...နားနေဆောင်ရောက်တော့...ဆရာကမရှိ....
ဘေးကဆရာတွေကိုမေးကြည့်တော့...
ကျောင်းအုပ်ကြီးရုံးခန်းကိုသွားကြောင်းသိလိုက်ရ၏...ကျောင်းအုပ်ကြီးရုံးခန်းကိုKimTaeလိုက်သွားပြန်တယ်...ရုံးခန်းပေါက်ဝနားရောက်တော့..
အထဲမှအသံတချို့ကို ရှင်းလင်းစွာကြားရ၍
နားစွင့်မိလိုက်သည်...''ဆရာ....ကျတော့်မြေးကလေးကို စောင့်ရှောက်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်...''
''ရပါတယ်... ဆရာကြီး... ကျတော်ကကြည့်ပေးရုံပါပဲ..ကျတော့်ကိုကျေးဇူးတင်စရာမလိုပါဘူး
Taehyungက လိမ္မာပီးသားပါ...''''ဆရာထင်လို့နော်...သူက မထင်ရင်မထင်သလို
အရမ်းဆိုးတာ...သူ့ကိုဆရာ့လက်ထဲအပ်ပါတယ် သူ့ကို ကူညီပေးပါ...''''ဟုတ်ကဲ့...''
.
ကျောင်းအုပ်ကြီးနဲ့ Tr.Jinတို့ စကားပြောနေခြင်းသာဖြစ်၏...ကြားကြားချင်း KimTaeတစ်ယောက်.........
ဆရာက သူအပေါ်ဂရုစိုက်တယ်ဆိုတာ..သူအထင်...အဘိုးကတွန်းအားပေးထားလို့
လို့ ထင်သွားပြီး...ဝမ်းနည်းစိတ်တွေက
အလိုလိုခိုဝင်လာခဲ့တော့သည်....😔......
KimTae ဆရာ့ကို မျက်နှာချင်းမဆိုင်ချင်တော့၍ ရုံးခန်းအပေါက်ဝမှ...ပြန်လှည့်ထွက်လာခဲ့သည်...
မျက်နှာမှာ...အရင်လိုမသာယာ ဝမ်းနည်းစိတ်များဖုံးလွှမ်းလျက် ဘယ်သူ့ကိုမှမကြည့်ချင်တော့ပါ...😔😞
.....
KimTae ကျောင်းလျှောက်လမ်းတစ်လျှောက်လမ်းလျှောက်ပြီး...အခန်းထဲသို့ရောက်လို့ရောက်မှန်းမသိ...ပြန်ရောက်လာခဲ့ပြီ...