''Hello...ပြော.....''
''ဟုတ်ကဲ့Boss...ကျတော်တို့ဖက်မှာပြဿနာလေးတွေအနည်းငယ်ရှိနေလို့...Bossလာဖြေရှင်းပေးလို့ရနိုင်မလား ခင်ဗျ...''
''ဘာပြဿနာလဲ....''
''~ ~ ~ ~ ''
''ဒါလေးတောင်မဖြေရှင်းနိုင်ဘူးလားးး.....
ငါ့ကိုကိုဆီကခွင့်တောင်းပြီးမှ ငါလာခဲ့မယ်
မင်းခနလောက်...အခြေအနေစောင့်ကြည့်ထား
ကြားလားး?''
''ဟုတ်ကဲ့...Boss''
.........
မနက်စောစောစီးစီးဖုန်းသံကြောင့်...
ကိုကိုလန့်နိုးမှာစိုး၍ ဖုန်းအမြန်ကိုင်ပြီး
ဝရံတာသို့ထွက်ခဲ့သည်...
ပြဿနာကတော့ Chinaဘက်က ရုံးခွဲ ပြဿနာတစ်ခုပဲ ကျတော်သွားမှဖြစ်မယ်...
ကိုကို့ ကိုတော့တိုင်ပင်ရအုံးမယ်...
စဥ်းစားရင်း ခါးထက်သို့ရောက်ရှိလာတဲ့
လက်ကောက်ဝတ်သေးသေးလေး...
ဘယ်သူလဲလို့မေးနေစရာမလိုအောင်
နှစ်ယောက်မရှိတဲ့ကျတော့်ရဲ့အသဲအသက်ကလေးပေါ့...
''နိုးပြီလား...ကိုကို''
''အင်းးး''
''အပြင်မှာအေးတာကိုဘာလို့ထွက်လာတာလဲ..''
''မင်း မှမရှိတာ...''
''ကိုကို''
''ဟင်...''
''မင်းဆိုတာဘယ်သူလဲ''
''အာ....မှားလို့....ဘေဘီမှ ကိုကို့ဘေးမှမရှိတာ
လို့ပြောတာပါ...''
''ကိုကိုနော်...''
''ဘယ်သူနဲ့ပြောနေတာလဲ...ခုနက''
ကိုကို စကားစလာတော့ ကျတော့်နောက်ကနေ
သိုင်းဖက်ထားတဲ့ကိုကိုလက်ကလေးတွေကိုဆွဲယူကာ မျက်နှာချင်းဆိုင် လိုက်သည် ပြီးမှ....
''ကိုကို.... ကျတော့်ရဲ့ရုံးခွဲမှာ ပြဿနာလေးတွေရှိနေလို့... Chinaဘက်ကိုခနသွားရမယ်...
ကျတော့်ကိုခွင့်ပြုမှာလားဟင်...''
😔😔😔ချက်ချင်းညှိုးငယ်သွားတဲ့ ကိုကို့မျက်နှာလေး...