'ဟဲ့ နင်အရူးလား, ဘာလို့သူပြောတဲ့အတိုင်းလိုက်ရတာလဲ, အပြင်မှာတော့ သူကနင့်သူဌေးမဟုတ်ဘူးလေ'
'သူ့အတွင်းရေးမှုးမပါပဲ ရင်းနှီးမြှုပ်နှံသူနဲ့တွေ့တယ်ဆိုတာ မဖြစ်သင့်ဘူးလေ'
'သူက ကလေးလား'
'သူဌေးလေ ငါရှိနေတာဘာလုပ်ဖို့လဲ'
'နင့်သဘောပါပဲ ဟူး'
'ငါနင့်ကိုပြောရမလား မပြောရမလား စဉ်းစားနေတာ'
'ဘာကိုလဲ'
'လန့်မသွားနဲ့နော်'
'အေးပါ'
'ရင်းနှီးမြှုပ်နှံသူက wang lae ဖြစ်နေတာ'
'ဟို wang..! '
'အင်း'
'ဘာလို့အခုမှပြောတာလဲ, သူနင့်ကိုဘာပြောသေးလဲ'
'ငါက အတိတ်ကိုမေ့လိုက်ရအောင်ပြောပေမဲ့ သူကလတ်လျော့မယ့်ပုံမပေါ်ဘူး'
'သူက Psychoလား'
'ငါသိသွားတာကို ရိပ်မိပုံမပေါ်ဘူး'
'နင်သူ့အပေါ်လုံးဝ ပြန်ကျသွားလို့မဖြစ်ဘူးနော်'
'ငါကိုမသိဘူးလား'
'အေးပါ ငါနင့်ကိုယုံပါတယ်'
'Taiရော'
'ရေကူးနေတယ်'
'ငါတို့လည်းသွားရအောင်'
'နင့် အကျီက ဈေးကြီးမဲ့ပုံပဲ'
'သူဌေးစီစဉ်ပေးတာ'
'အဲ့လိုဆိုတော့လည်းမဆိုးပါဘူး'
'ဟုတ်တယ်နော် ငါတောင်အဲ့လိုတွေးသေးတယ်'
'ဟားဟား, နင့်ကိုသူဌေးက အဲ့တာတွေနဲ့ချုပ်ပြီး သူ့အနားခေါ်ထားတာနေမယ်'
'xiuu'
🌟🌟🌟🌟🌟
'မင်း ဆရာzhangကို ဘာသွားပြောတာလဲ'
'ငါအခုတလောမင်းနဲ့ အလေလိုက်နိုင်မှာမဟုတ်တော့ဘူး'
'ဘာလို့လဲ'
'နောက်မှပေါ့, သွားစားရအောင်'
'ဟေ့ကောင် ဘာလဲလို့'
☀️☀️☀️
'မင်္ဂလာ နံနတ်ခင်းပါ သူဌေးလီ'
'အင်း, နေလို့အဆင်ပြေလား, ခရီးမပန်းဘူးမလား'