Part 20

1.6K 92 19
                                    


လက်ထပ်ပွဲက အကြီးအကျယ်တော့မဟုတ်။
သူရဇ္ဇမှာ အိမ်ထောင်ရှိမှန်း အတူတွဲလုပ်သည့်လုပ်ငန်းရှင်တိုင်းသိခဲ့ကြတာမို့ မင်္ဂလာပွဲအကျယ်ချဲ့လျှင် ဟန်မင်းကိုအားနာစရာကောင်းလွန်းသည်။

ဟန်မင်းမိဘတွေကိုယ်တိုင်ဖိတ်တဲ့အသိတွေနှင့် သူရဇ္ဇဘက်က မလွှဲသာသည့်မိတ်ဆွေတွေနှင့်သာကျင့်ပလိုက်သည်။

နှစ်ဖက်မိဘကိုကန်တော့ပြီးနောက် သူရဇ္ဇအိမ်ကိုလာခဲ့ကြသည်။

"ဟန်မင်း အိမ်မှာနေခဲ့လို့ဖြစ်တယ်မဟုတ်လား
ကိုယ်အပြင်သွားစရာရှိလို့"

"ဟုတ် သွားပါကိုကြီး
ညနေစာ အိမ်မှာစားမယ်မဟုတ်လား
ကျနော်ချက်ထားပေးမယ်"

"အိမ်မှာ ဘာမှမရှိဘူး နောက်ရက်မှ မင်းစိတ်ကြိုက်ဈေးဝယ်လို့ရအောင်လိုက်ပို့ပေးမယ် ဒီညနေစာတော့ ကိုယ်အပြန်ဝယ်လာခဲ့ပေးမယ်"

"ဟုတ် ကိုကြီး…နောက်ကျတဲ့အထိအပြင်မှာမနေဘူးမို့လား…ဗိုက်ထဲက ဖြူဥလေးကြောင့် ကျနော်ညည့်နက်အထိဗိုက်ဆာခံလို့အဆင်မပြေဘူး"

"စောစောပြန်လာမယ် နားလိုက်အုံး
အပေါ်ထပ် သော့ခတ်မထားတဲ့ဟာ ကိုယ့်အခန်း"

"ဟုတ်"

အပေါ်ကုတ်အကျီ င်္ကိုချွတ်ပေးထားခဲ့ပြီး
သူရဇ္ဇကားပေါ်ပြန်တက်လာခဲ့သည်။
သူငယ်ချင်းတွေကလဲ အလုပ်မအားတဲ့သူများတာမို့ ဘယ်သူ့မှမခေါ်ဖြစ်ဘဲ တစ်ယောက်ထဲသာ barသို့လာခဲ့သည်။

ရင်ထဲမှာမွန်းကျပ်သည်မဟုတ်ဘဲ ပူလောင်နေခြင်း။
တနေ့လုံး ကိုယ့်ကိုကိုယ်အပြစ်တွေသာတင်နေမိပြီး
မောင့်ကိုသာသတိရနေမိသည်။

သူရဇ္ဇဘေးက ကောင်လေးကိုအားနာပေမဲ့
လွမ်းသည့်စိတ်က အစိုးမရခဲ့။
မောင့်ကိုပိုလို့သာတွေ့ချင်မိသည်။
မောင်နဲ့လက်ထပ်ခဲ့ကြတုန်းက နှစ်ယောက်လုံး
အတိုင်းအဆမဲ့ပျော်ရွှင်ခဲ့ကြသည်။
ဘယ်တော့မှ အချစ်တွေရပ်တန့်မယ်လို့မထင်ခဲ့မိဘူး။
အခုလို ဝေးကွာကြလိမ့်မယ်လို့လဲ အိပ်မက်တောင် မမက်ခဲ့ဘူး။

"ညီလေး…နေသူရဇ္ဇ"

"အာ…အကို အတော်ပဲ ထိုင်လေ
ကျနော်လဲတစ်ယောက်ထဲ"

ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) Donde viven las historias. Descúbrelo ahora