အခန်း (၁၄)

13.1K 660 40
                                    

အခန်း (၁၄)

နောက်နေ့တွေ သန့် video call ခေါ်ရင် ခင်မင်း ကင်မရာမဖွင့်တော့ပါ။ သန့် ဖွင့်ခိုင်းလည်း မဖွင့်။ ဒီအတိုင်း မျက်နှာမမြင်ကြရပဲ ဖုန်းပြောရသည်။ နောက် တော့ သန့် သည်းမခံနိုင်သလို ဖြစ်လာသည်။

"ကင်မရာဖွင့်ပေးပါ မ"

"ဘာလုပ်မလို့လဲ။ဒီအတိုင်းပြောလည်း ရသားနဲ့"

"မရပါဘူး။မျက်နှာမြင်ချင်တယ်"

"မမြင်ဖူးတာကျလို့။ဒီအတိုင်းပဲပြောမယ်"

"မကကွာ။ဘာလို့ပြောရခက်နေတာလဲ"

"မင်းကရော ဘာဖြစ်နေတာလဲ"

"ဘာလဲ မေမီကို တွေ့လိုက်ရလို့လား။သူက ကိုယ့်ကို လာတွေ့တာလေ"

"မဟုတ်ပါဘူး။ဒီအတိုင်းပဲ ပြောချင်လို့"

"အဲ့နေ့ကစပြီး မ ကင်အရာဖွင့်ပြီးမပြောတော့တာ။မေမီက ဒီလိုပဲ လာနေကျကို"

"အင်း မင်းတို့အကြောင်းကို သိပါတယ်။ သူက မင်းကို လက်ချိတ်ထားရတာနဲ့ ပါးချင်းထိထားရတာနဲ့ ဖြစ်နေမှာပဲ"

"ဟာ မ ကလည်း။ဘေးမှာ သူ့ဘဲ ကြီးလည်းပါတယ်။ နောက်ပြီး ကိုယ်တို့က ငယ်ကတည်းက အဲ့လိုပဲ နေလာခဲ့တာ"

"ဟုတ်ပါပြီ။မင်း ဘာပြောဦးမလို့လဲ"

"မ မျက်နှာလေး မြင်ချင်တယ်"

"မရဘူး"

"ဘာလို့မရတာလဲ မ ရာ။တကယ်ပဲ"

"တို့ ဖုန်းချ ချင်ပြီ"

"ကိုယ့်ကို မသနားဘူးလား"

"ဒါပဲနော် ဖုန်းချတော့မယ်"

"ခဏနေဦး။မနက်ဖြန်ပြန်လာတော့မှာ။အဲ့ဒါ မောင်စိုး လေဆိပ်လာကြိုရင် "မ" လိုက်ခဲ့ပေး"

"ဟင်"

ခင်မင်းကြိုမသိထား၍အံ့သြသွားသည်။

"ကြိုလည်းမပြောပါလား။နေ့လည်ကတောင် ကောင်းမြတ်နဲ့ဖုန်းရသေးတယ်"

"အင်း။ "မ" လိုက်ခဲ့နော်"

"လိုက်ခဲ့မယ်"

...........................

လေဆိပ်တွင် မောင်စိုးနှင့်အတူ ခင်မင်းလည်း လူကြိုသည့်နေရာတွင် ရပ်စောင့် နေသည်။ ပန်းဖျော့ရောင် မြန်မာဝတ်စုံလေးဖြင့် ဆံနွယ်ရှည်တွေကို ဖြန့်ချထားပြီး မိတ်ကပ်ပါးပါး ခင်မင်း မျက်နှာလေးဟာ ဝင်းကြည်လျက်။ ကြက်သွေးရင့်ရောင် ကတ္တီပါ ဖိနပ်လေးစီးထားသည်မို့ ခြေဖမိုးဖြူလေး ထင်းရှင်းနေသည်ကို အစ သန့် သတိပြုမိသည်။

ဖွဲ့နှောင်ရစ်သည် [ Complete ]Tahanan ng mga kuwento. Tumuklas ngayon