အပိုင်း(6)Unicode

282 27 0
                                    

နွေးရဲ့ချိုမြိန်လှတဲ့အိပ်မက်လေးကနေ နွေးဟာတစ်လအကြာမှာနိုးထခဲ့ရသည်။

ဖေဖော်ဝါရီ တစ်ရက်နေ့ မနက်မှာ နိုင်ငံဟာအာဏာသိမ်းခံလိုက်ပြီးအရာအားလုံးက စစ်ဖိနပ်ရဲ့ထိန်းချုပ်မှုအောက်သို့ရောက်သွားခဲ့ရလေသည်ပေါ့။

နွေးကတော့ ဘာမှသိပ်စိတ်မဝင်စားပါ။ သူတွေးနေတာဦးတစ်ယောက်ထဲပါ။ ဖုန်းဆက်သွယ်ရေးလိုင်းအပါအဝင် အင်တာနက်လိုင်းများဖြတ်တောက်ခံလိုက်ရပြီး ဦးထံသို့ဆက်သွယ်မရခဲ့ပါ။

ဦးသည် သူ့တိုက်ခန်းဆီကိုမနေ့ညကတည်းကပင်ပြန်မလာခဲ့တာ။ နွေးကဦးကိုဘယ်မှာသွားရှာရမှာလဲ...
နွေးရင်တွေပူနေတုန်းတိုက်ခန်းသို့ရောက်လာသူကကောင်းမြတ်....

"ဦးငယ်ကမှာလိုက်တယ် ဒီရက်ပိုင်းအပြင်မထွက်ပဲအိမ်ထဲမှာပဲနေပါ။ သူ့ကို မစောင့်ပါနဲ့တဲ့..."

ကောင်းမြတ်စကားကြောင့်နွေးမျက်ခုံးတို့မှာအလိုမကျသလိုတွန့်ချိုးသွား၏။

"သူဘယ်မှာလဲ..."

နွေး၏ခပ်မာမာစကားကြောင့်ကောင်းမြတ်ကသက်ပြင်းချလိုက်ကာ သူ့လက်ထဲကအထုပ်အားစားပွဲပေါ်သို့တင်လိုက်၏။
ထိုအရာမှာနွေးကြိုက်သော နန်းကြီးသုပ် ပင်ဖြစ်သည်။

"ဦးငယ်လာပေးသွားတာ....။ ငပြည့်.....ဦးငယ်နဲ့ပတ်သတ်ပြီးမင်းသိထားရမှာတစ်ခုက ဦးငယ်က နိုင်ငံရေးနဲ့ပတ်သတ်ရင်အဲ့လိုလူပဲကွ။ သူဆုံးဖြတ်လိုက်ရင် မင်းကောငါကော ဘယ်သူမှတားလို့ရမှာမဟုတ်ဘူး....."

"ဟိုကအာဏာတောင်သိမ်းပြီးပြီလေ သူကဘာလုပ်မလို့လဲ... "

နွေးစကားကြောင့်ကောင်းမြတ်ကခေါင်းကိုလေးပင်စွာခါလိုက်ကာ

"ဒါကတိုက်ပွဲရဲ့အစပဲကွ။ အခုဒီနေ့မှာ ငါတို့ကမတရားစွာအာဏာအသိမ်းခံလိုက်ရတာ။ အဲ့ဒီအကြွေးကိုငါတို့ပြန်ယူရမယ်.... "

နွေးကစကားမဆို...။ နန်းကြီးသုတ်ကိုသာဖောက်စားနေလိုက်၏။

ကောင်းမြတ်ကသက်ပြင်းဖွဖွချလိုက်၏။

နွေးပြည့်လျှံဆိုတဲ့သူ့သူငယ်ချင်းကအဲ့လိုလူပဲ။ နိုင်ငံရေးဆိုတာသူနဲ့မဆိုင်ဘူးလို့ခံယူထားတယ်။
ကြားနေမူဝါဒကို ကျင့်သုံးတဲ့အုပ်ထိန်းသူတွေရဲ့ပယောဂလည်းတစ်ချို့တစ်ဝက်ပေါ့။

Once upon a time in Taguu(Complete)Where stories live. Discover now