အပိုင်း(1)zawgyi

163 6 0
                                    

ယိမ်းနွဲ့ကာတေးကွက်နဲ့အတူကစဉ် လက်ခုပ်သံစည်းချက်လိုက်မှာလားလေ....

လွတ်မြောက်နယ်မြေတစ်ခု၏ ကြမ်းရှသောမြေနီလမ်းလေးတွင် ကားတစ်စီးသည် အရှိန်အဟုန်
ဖြင့် သွားနေသည်။ ကားလေးမှာ ရိက္ခာသယ်သော ခိုပြာရောင် toyota diana အမျိုးအစားဖြစ်ပြီး ရွှံနွံများဖြင့်ညစ်ပတ်ပေပွလျက်။

သီချင်းသံသည် ခေါင်းခန်းရှိ လူတစ်ယောက် ၏ ဖုန်းမှလွင့်လာခြင်းဖြစ်သည်။ လှုပ်လီလှုပ်လဲ့ကားလေးထဲတွင် လူနှစ်ယောက်ရှိနေပြီးထိုသူတို့မှာပြည်သူ့ကာကွယ်ရေးတပ်မှတပ်သားများဖြစ်ကြသည်။

"အမှန်ဆိုဒီနှစ်သင်္ကြန်မှာငါ့ကောင်မလေးနဲ့ လျှောက်လည်ဖို့စီစဉ်ထားခဲ့တာ"

ဝေကြီးစကားကြောင့် နွေးကပြုံးလိုက်သည်။ မည်သည့်စကားမှတော့မဆို....။ သို့သော်နွေးမျက်ဝန်းများသည်အနည်းငယ်အရောင်လဲ့လာခဲ့သည်။

"ဒါနဲ့ငပြည့် မင်းရဲ့သက်ဆိုင်သူကကော မင်းကိုမဆက်သွယ်ဘူးလား။ နောက်ပြီးမင်းလည်ပင်းမှာအမြဲဆွဲထားတဲ့ဟိုလက်စွပ်လေးကလေ...။ အဲ့ဒါလက်ထပ်လက်စွပ်မဟုတ်ဘူးလားတန်ဖိုးကြီးမယ့်ပုံပဲ..."

ဝေကြီးစကားကြောင့်နွေးကပြုံးလိုက်ရင်း

"လှတယ်မဟုတ်လား။ အဲ့လိုပုံစံမျိုးဒီကမ္ဘာမှာနှစ်ကွင်းပဲရှိတယ်..."

မကြာမီမြေနီလမ်းမှတဆင့်အဝေးပြေးကားလမ်းမကျယ်ကြီးထက်သို့ ရောက်ရှိလာခဲ့သည်။
နွအေပူရှိန်သည် ပြင်းထန်လျက်ရှိပြီး ကြမ်းရှရှလေထုနွေးနွေးသည်လောကကြီးအားရစ်ပတ်ထား၏။ တန်ခူးလသို့ရောက်ပြီဖြစ်သောကြောင့် ငုပန်းပင်များမှာပင်လုံးကျွတ်ဝါထိန်လျက်။

"ငပြည့်..... ကားခဏရပ် ကိစ္စရှင်းမလို့.... "

ဘေးကရဲဘော်၏စကားကြောင့် ရဲဘော်နွေးပြည့်လျှံသည်ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။
ရဲဘော်သည် လျင်မြန်စွာပြေးဆင်းသွားပြီး ခြုံပုတ်တစ်ခုကြားထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ရှုပ်ပွနေသော ဆံပင်များ နေလောင်မဲညစ်နေသောအသားအရည်နှင့်ခပ်နွမ်းနွမ်းယူနီဖောင်းတို့သည်ပြည်သူ့ကာကွယ်ရေးတပ်သားများ၏ လောကဓံကိုဖော်ပြနေသည်။ ကြမ်းရှရှနှုတ်ခမ်းမွှေးတို့မှာနွေး၏နူးညံ့သောပါးပြင်တစ်လျှောက်အရိုင်းဆန်စွာရှိနေကြသည်။

Once upon a time in Taguu(Complete)Onde histórias criam vida. Descubra agora