June လရဲ့ ပထမဆုံး အပတ်မှာ ရွာတဲ့ မိုးဦးလေး အရမ်းမသည်းပေမယ့် စိမ့်စိမ့်လေးနဲ့ နေလို့ကောင်းတဲ့ အခြေအနေပင်
တစ်နေ့လုပ်မှ တစ်နေ့စားရမယ့်လူတွေအတွက် ဒီလိုမိုးအေးနေလည်း စောင်ပုံထဲနေလို့မရပဲ ကိုယ်စီ အလုပ်ရှိရာသို့ သွားကြရသည်
သူလည်း ထိုလူတွေလိုပင် သူ့အလုပ်လေးသို့သွားရမယ်
သူများတွေလို ကျနော်က လခစား ဝန်ထမ်းတော့မဟုတ်ဘူးဗျ ကျနော်က ကျနော့် သူငယ်ချင်းတွေနဲ့ Cafe' And Book ဆိုင်လေး ပေါင်းဖွင့်ထားတာပေါ့
Uni ပြီးတည်းက ကျနော်တို့ သူငယ်ချင်းတွေ တူတူကြိုးစားပြီး ဖွင့်ခဲ့ရတဲ့ ဆိုင်လေးက ခုဆို အတော်အသင့်တော့ နာမည်ရနေပါပြီ
နှစ်ထပ်လေးကိုမှ အပေါ်မှာ တော့ကော်ဖီလေးသောက်ရင်း စာအုပ်ဖတ်လို့ရအောင် လတိုင်း နာမည်ကြီးစာအုပ်တွေ ဘာသာပြန်စာအုပ်တွေ နောက် တစ်ခြားသော စာအုပ်တွေလည်း ထားပေးထားလေသည်
အောက်မှာတော့ ရိုးရိုး ကော်ဖီပဲ သောက်ချင်တဲ့သူလေးတွေအတွက် နှစ်ယောက်ထိုင် လေးယောက်ထိုင် အမျိုးမျိုး လုပ်ပေးထားလေသည်
ကျနော်က ဒီဆိုင်မှာ ဘာတာဝန်လဲဆိုတော့ ကြုံရာကျပန်းပေါ့နော် ဟဲဟဲ
ကျနော့်သူငယ်ချင်းတွေကတော့ ငယ်ငယ်တည်းက ပေါင်းလာတဲ့ ဟန်လင်းသစ် အပြင် uni မှစသိပေမယ့် တကယ့်ငယ်ပေါင်းကြီးဖော်လို ဖြစ်နေကြတဲ့ မေသူ ခက် မြတ်နိုး နဲ့ သင်ဇာ
သူတို့တွေနဲ့ပေါင်းပြီး ဒီဆိုင်လေးကိုဖွင့်ထားတာ
အင်းသူတို့လည်း ကျနော့်လို ကြုံရာကျပန်းပဲ လုပ်တယ်
သူ့တာဝန် ကိုယ့်တာဝန်ခွဲမနေဘူး ပြီးတော့ ဆိုင်မှာ waiter တွေမရှိဘူး ဆိုင်က လူသိပ်မကျလို့ပေါ့
မင်းတို့သိလား မေသူ နဲ့ သင်ဇာ ကကော်ဖီဖျော်တဲ့နေရာဆရာကြီးဆိုတာ သူတို့ဖျော်တာသောက်ကြည့် မင်းတို့စွဲသွားစေရမယ် အဟမ်း ကိုယ့်သူငယ်ချင်းတွေမလို့ အမွှန်းတင်တာတော့မဟုတ်ပါဘူး
သူတို့ စစချင်းဖျော်တဲ့ ကော်ဖီကို မြည်းရတဲ့ ကျနော်လောက်တော့ ခင်ဗျားတို့ အဖြစ်ကမဆိုးသေးပါဘူး ဘာလို့ဆို သူတို့တိုးတက်လာပြီလေ
YOU ARE READING
မိုးရေထဲက အမှတ်တရ
Non-Fictionမိုးရွာတဲ့ နေ့လေးတစ်နေ့မှာ ကျနော့်ရဲ့ ရင်ခုန်သံတွေအစပြုခဲ့တယ် မိုးရေစက်လေးတွေကနေ လွတ်မြောက်ဖို့ ရင်ခွင်တစ်ခုကို ရှာတွေ့ခဲ့တယ် ကျနော်တော့ အကို့ ကြောင့် ရူးတော့မယ်ထင်ပါရဲ့