မိုးရေထဲက အမှတ်တရ 2

31 5 0
                                    

ကျနော် ကြည့်နေတာကြာပြီ အဲ့ကောင်လေး ဆိုင်ရှေ့ကအမိုးမှာဆောင့်ကြောင့်လေးထိုင်ပြီး

 တစ်ယောက်တည်း ပြုံးလိုက် ရယ်လိုက် နဲ့ တစ်နာရီတောင် ကျနော်လည်း ကြည့်ကောင်းကောင်းနဲ့ ကြည့်

နေလိုက်တာ ကြည့်နေတုန်း အဲ့ကောင်လေး ထလာပြီး အိတ်ကိုခေါင်းပေါ်တင် လမ်းကို ဟိုကြည့်ဒီကြည့်နဲ့ 

ကြည့်ရတာ မိုးရေထဲပြေးတော့မယ်နဲ့တူတယ် မိုးတွေ ဒီလောက်သည်းနေတာကို 

ကျနော်လည်း သူမပြေးခင် ကားနောက်ခန်းက ထီးကိုယူပြီး သူ့ရှေ့သွားရပ်လိုက်သည် 

သူ့လည်းကျနော့်မသိ ကျနော်လည်းသူ့မသိ ဒီလို မျက်နှာချင်းဆိုင် ရပ်နေရတာ တော်တော်လေးတော့ ကို့ရို့

ကားယားနိုင်တဲ့ အခြေအနေပင် ကောင်လေးက ကျနော့်ထက် အရပ်ပုတာပဲ ကျနော့် ရင်ခွင်နဲ့ကွက်တိဖြစ်

နေသည် ကျနော်လည်း ဒီအခြေအနေကို ဆက်မနေချင်တာ့တာမို့ စကားနဲ"ပြောပြီး သူ့လက်ထဲ ထီးပေး

ခဲ့ပြီး ကားဆီပြန်လာလိုက်သည် အင်း ဘာရယ်မဟုတ်ပါဘူး သူ့ကြည့်ရတာ ကျနော့် ညီငယ်လေးကို 

ပြန်တွေ့နေရသလို အင်း ဒီနေ့နဲ့ ဆို ကျနော့်ညီလေး ကျနော့်အနားက ထွက်သွားတာ သုံးနှစ်ပေါ့ဗျာ

ပြီးတော့ သူကောပေါ့

................................................................................................................................................................

အိမ်ရောက်လို့ အချိန်ကြည့်လိုက်တော့ ကိုးခွဲ 

ထီးကို အိမ်ရှေ့က ထီးထည့်တဲ့ပုံးထဲထည့်ခဲ့ပြီး အိမ်ထဲဝင်လာလိုက်သည်

"ဟာ ကိုကို ပြန်လာပြီ"

ကျနော် အိမ်ထဲဝင်လာတာတွေ့တော့ အိမ်ရှေ့မှာ movie ကြည့်နေတဲ့ ကျနော့်ရဲ့ တစ်ဦးတည်းသော

ညီမလေးက အနားရောက်လာသည် 

"အင်း"

"ဘာပါလဲ ကိုကို"

"အင်း ဘာမှပါဘူး"

"ဟွန့် ခေါ်တော့ဘူး မုန့်ယူလာပါဆို"

/ဒါ"လေးတို့ သိကြလား ဂျူဂျူ ရဲ့အကို စွမ်းနေလင်းက ကပ်စေးနဲဆိုတာ ခုလည်းကြည့် သူများဆိုင်ကနေ တကူးတက သွားဝယ်ရတာမဟုတ်ဘူး သူ့ဆိုင်က မုန့်လေးပဲယူလာခိုင်းတာကိုမယူလာဘူး ကော်တရာကပ်စေးနဲ/

မိုးရေထဲက အမှတ်တရDonde viven las historias. Descúbrelo ahora