(Update မတင်တာကြာသွားတာ တောင်းပန်ပါတယ် ဒါဒါလေးတို့ရေ
စောင့်နေရမှာ ကြာမှာစိုးလို့ အခုပဲ အမြန် type ပြီး part 1 လေးအရင်တင်လိုက်တယ်နော်
Part 1 တောင် စာလုံးရေ ၂၀၀၀ ကျော်တာမို့ အရမ်းကြီး မတိုပါဘူးလို့)ရဲ့ရှောက်ယန်က အခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့ အချိန်မှာ အဖြူရောင်ကြောင်လေးတကောင်က သူ့ဆီပြေးလာပြီး သူ့ရဲ့အမွေးပွခေါင်းလေးနဲ့ ရဲ့ရှောက်ရန်ရဲ့ ခြေထောက်ကိုပွတ်သတ်ကာ ချွဲလာသည်။
သူက ကြောင်ကလေးတွေကို ချစ်တယ်။ဒီကြောင်လေးက Ragdoll အမျိုးအစားနဲ့တူသည်။ကြောင်လေးရဲ့ လည်ပင်းက အမွေးပွလေးတွေနဲ့ ရှည့်ကဲ့သို့အညိုရောင်အမြှီးနှင့်အတူ ကြည်တောက်နေသော အပြာရောင် မျက်လုံးတစုံကို ပိုင်ဆိုင်ထားသည်။အရမ်းအရမ်းကို ချစ်ဖို့ကောင်းလိုက်တာ။
ရဲ့ရှောက်ရန်က ကြောင်လေးကို ပွေ့ချီလိုက်ပြီး 'တယောက်ယောက်ရှိနေလား'ဟု
လမ်းလျှောက်ကာ အော်မေးလိုက်သည်။လက်ထဲက ကြောင်လေးရဲ့ မြောင် ဆိုတဲ့ အသံကလွဲလို့ ဘာအဖြေမှ ပြန်မကြားရပေ။
ရဲ့ရှောက်ယန်က ကြောင်ကလေးကို ပွတ်သတ်ပေးလိုက်ပြီး သူ၏ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူက အိပ်ခန်းလေးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါတဲ့ နေအိမ်မှာရောက်နေတာကို တွေ့လိုက်ရသည်။သူက လေသာခန်းသို့သွားကာ အပြင်ဘက်ရှိ ပတ်ဝန်းကျင်အခြေအနေကို ကြည့်လိုက်သည်။အခန်းက ၁၀ ထပ်လောက်မြင့်ပြီး ၁၅၀ မီတာခန့်ကျယ်ဝန်းသည်။
ဒါ့အပြင် အရပ်အမြင့် ၁.၇ မီတာရှိတဲ့ AI စက်ရုပ်က ကြမ်းပြင်ကို လှည်းကျင်းနေသည်။
ရဲ့ရှောက်းန်အနားမှာ ရှိတာကို သတိထားမိသောအခါ စက်ရုပ်၏ခေါင်းမှ အပြာရောင်မီး လင်းလာပြီး ကြည်လင်ပြတ်သားတဲ့ ကလေးတယောက်အသံက သူ့နားထဲဝင်လာသည်။
'သခင် ဒီနေ့က ဆေးရုံသွားပြီး စစ်ဆေးရမယ့်နေ့ ဖြစ်ပါတယ်'ရဲ့ရှောက်ရန် တခဏမျှ ကြက်သေသေသွားတယ် 'ဆေးရုံ'?
'သခင် ဒီနေ့နေ့လည် ၂:၃၀ အချိန် ပြည်သူ့ဆေးရုံမှာ ဖရိုမုန်းအထူးကု ဒေါက်တာကျင်ရွဲ့နဲ့ ပြဖို့ appointment ယူထားပါတယ်၊
ကားသမားက ဆယ်မိနစ်အတွင်း လာကြိုတော့မှာပါ၊အဆင်သင့်ဖြစ်အောင် ပြင်ထားပါ သခင်!' လို့ စက်ရုပ်က ဆိုသည်။
YOU ARE READING
စွယ်စုံရ midlaner လေး
Romanceယာဉ်မတော်တဆဖြစ်မှုမှ နိုးလာပြီးနောက် ပရော်ဖက်ရှင်နယ် esport player တစ်ယောက်ဖြစ်တဲ့ ရဲ့ရှောက်ယန်သည် သူ့ကိုယ်သူ A/B/Oကမ္ဘာလို့ ခေါ်ကြတဲ့ ထူးခြားဆန်းပြားတဲ့ ကမ္ဘာထဲရောက်နေသည်ကို သိလိုက်ရသည်။ထို့အပြင် သူသည် ဤကမ္ဘာထဲတွင် noob streamer တစ်ယောက်ဖြစ်နေသေးသည...