2.2

350 63 3
                                    

Unicode...

A/B/O ဆိုင်ရာ သိပ္ပံအကြောင်းအရာများကို ဖတ်ပြီးနောက် သူ၏သုံးဖက်မြင်လောကကြီးမှာ လုံးဝပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဆိုတော့က မိန်းမကော ယောကျာ်းကော ကလေးမွေးနိုင်တယ်ပေါ့....

အဲ့တော့ ဒီကမ္ဘာကြီးရဲ့ သားဖွားနှုန်းက ၂ဆမတိုးသွားဘူးလား...ယောကျာ်းတွေပါ ကလေးမွေးနိုင်တယ် ဆိုတာကြီးက....

ရဲ့ရှောက်ယန်မှာ တောင့်တောင့်ကြီးဖြင့် လောကကြီးအကြောင်းပြန်တွေးနေတုန်း ဒေါက်တာကျင်းက တံခါးကိုတွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်လာ၏။
"ရှောက်ယန် စိတ်အထူးကုဆရာဝန်က ဒီနေ့မအားဘူး၊မင်းမနက်ဖြန်မှဆေရုံကိုပြန်လာရင်ကော " ဟုမေးလိုက်သည်။

ရဲ့ရှောက်ယန်၏ လက်ချောင်းများမှာ အနည်းငယ်တွန့်သွားရ၏။သူက ဖုန်းကို အမြန်ဘေးသို့ ချလိုက်ပြီးနောက် တောင့်တင်းနေသော အပြုံးဖြင့်
"အကို ကျွန်တော် စိတ်အထူးကုနဲ့ ပြဖို့တကယ်မလိုပါဘူး၊အကို့ကို စနေတာ"ဟု အားတင်းကာပြောလိုက်တယ်။

ကျင်းရွဲ့က သူ့ကိုစိတ်ပူနေသောဆေးရုံတခေါက်ပြန်လာကော အကြည့်တို့ဖြင့် "မင်းတကယ် အဆင်ပြေရဲ့လား" ဟူ၍မေးလိုက်သည်။

"ဟုတ်ကဲ့"

"အဲ့တာဆို မင်းအနာဂတ်အတွက် ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ"

ရဲ့ရှောက်ယန်မှာ တောင့်တင်းသွားရသည်
"အနာဂတ်အတွက်?"

"အန်ကယ်နဲ့အန်တီ နှစ်ယောက်လုံးက ဆုံးပါးသွားကြပြီ။မင်းကို ကြည့်ရှုစောင့်ရှောက်ပေးမယ့်သူ မရှိတော့ဘူး၊မင်း မုန့်ဖုတ်တာ သင်နေတာ သုံးနှစ်လောက်ရှိနေပြီမလား။ကိတ်မုန့်ဆိုင် တခုဖွင့်လိုက်ရင်ကော၊ငါမင်းကို ပိုက်ဆံချေးပါ့မယ်။"
ဟု ကျင်းရွဲ့ကဆိုလေသည်။

ရဲ့ရှောက်ယန်က အခုဆို မိဘမဲ့ ဖြစ်သွားပြီ။သူ့ရဲ့ စားဝတ်နေရေးအတွက် တကယ်ကို တခုခုလုပ်ဖို့ လိုအပ်နေပြီ။ဒါပေမယ့် မုန့်ဖုတ်တာကြီးက... အဟမ်း သူက အချိုတွေ လုပ်ရတာ မကြိုက်ပါဘူးနော်။

သူက ချောင်းတချက်ဟန့်လိုက်ကာ
"ကျွန်တော် အိမ်ရောက်ရင် သေချာစဥ်းစားလိုက်ပါ့မယ်၊ကျေးဇူးပါ အကို" ဟုပြောလိုက်၏။

စွယ်စုံရ midlaner လေးNơi câu chuyện tồn tại. Hãy khám phá bây giờ