ep.2

128 11 0
                                    

                ***လှည့်စားတဲ့ချစ်ခြင်း***

Brightအကြာကြီးအိပ်ပျော်သွားသာလို့ နာရီဝတ်လောက်ကြာအောင် winရင်ခွင်ထဲကိုအိပ်ပျော်သွားတယ် ကျောင်တက်တော့မှာမို့ winလည်း Brightကိုမနိုးချင်ပေမယ့်နိုးရတယ်

"ဟေ့ Bright Bright ထတော့ကျောင်းတက်တော့မယ်"

Brightလည်းမျက်လုံးအသာဖွင့်ပြီး winကိုမော့ကြည့်တော့ winကသူ့ကိုပြုံးပြလိုက်တယ် Brightလည်းအမြန်ဆုံးwinရဲ့ရင်ခွင်ထဲကိုရုန်းထွက်သွားတယ်

"ဘာဖြစ်နေသလဲ မင်းကငါ့ရင်ခွင်ထဲအကြာကြီးအိပ်ပျော်သွားတာ ဘာလဲငါ့ရင်ခွင်နွေးထွေးလွန်းလို့ထတောင်မထချင်တော့ဘူးလား"

"ကိုယ့်ကိုယ်အထင်မကြီးနေနဲ့ ငါမနေ့ညကစာလုပ်လို့အိပ်ရေးမဝလို့ ခုလိုအိပ်ပျော်သွားတာ"

"မင်းဘယ်သွားမလဲ မင်းခြေထောက်နာသေးတယ်မလား"

Brightပြုံးတယ် ရွှင်လန်းတဲ့အပြုံးတော့မဟုတ်ဘူး

"အနာဒီလောက်လေးနဲ့ ငါမသေသွားပါဘူး"

ပြောပြီးထွက်သွားလိုက်တယ် အဲ့လိုစကားကဘာကြောင့်ပြောတက်လည်းဆိုသာ သူ့မိထွေးကသူ့ကိုအမြဲပြောတဲ့စကားပါ ဘယ်သူမေးမေးသူနာကျင်ရင်တောင်မှအဲ့တစ်ခွန်းကိုပြောလေ့ရှိတယ်

"ဒီကလေးအရမ်းရိုင်းတာ" winသက်ပြင်းချပြီး သူ့အတန်းကိုသွားလိုက်တယ်

"ဟေ့win မင်းကအဲ့ကလေးကိုဘယ်မှာခေါ်သွားသလဲဟင် ငါတို့နှစ်ယောက်မင်းကိုလိုက်ရှာသာမတွေ့ဘူး"

"ဒီနားလေးပဲ မင်းတို့လိုက်မရှာလို့မတွေ့လို့နေမှာပေါ့ စကားမများနဲ့ဆရာမဝင်လာပြီ"

Brightကတော့တစ်ယောက်ထဲထိုင်တာ ဘယ်သူမှသူ့ကိုမပေါင်းချင်ဘူး သူကလည်းဘယ်သူ့ကိုမှဂရုမစိုက်ဘူး ငယ်ငယ်ကတည်းကသူတစ်ယောက်ထဲပဲနေရသာအကျင့်ဖြစ်ပြီ သူသူငယ်ချင်းလိုချင်ပေမယ့် သူ့မိထွေးကသူ့ကိုမပေးထားဘူး Brightလည်းနာခံတယ် သူများသူ့ကိုသူငယ်ချင်းဖြစ်ချင်ရင် သူကသူများနာအောင်တစ်ခုခုပြောလေ့ရှိတယ်

Brightထိုင်နေရင်း တစ်ချို့က စာရွက်ကိုလုံးပြီး Brightခုံမှာပစ်လာတယ် Brightသည်းခံပြီးစိတ်မဝင်စားဖို့သူ့စာကိုဆက်ဖက်လာတယ်

လှည့်စားတဲ့ချစ်ချင်းWhere stories live. Discover now