***လှည့်စားတဲ့ချစ်ခြင်း***
Brightက အိမ်ထဲဝင်လာတော့ အိမ်ကအလွန်ငြိမ်သက်နေတယ် အရမ်းကြောက်ဖို့ကောင်းသလိုခံစားရတယ် Brightလည်း သူ့အဖေကိုရှာဖို့ အိမ်ပေါ်မှာသွားတော့ သူ့အဖေနဲ့ မိထွေးစကားပြောသံကြားရတယ်
"ရှင်နဲ့ကျွန်မလမ်းခွဲရအောင်"
"မိန်းမရယ်အဲ့လိုမလုပ်ပါနဲ့ ကိုယ်ဘာမှားလို့လဲ ကိုယ့်ကိုယ်မထားခဲ့ပါနဲ့"
"ဘာလို့လဲဆိုတော့ ရှင့်သားကြောင့်ပေါ့"
"Brightကဘာလုပ်သလဲ ကိုယ်ပဲသူ့ကိုသွန်သင်မယ်"
"သိလား ကျွန်မက tuဆိုတဲ့ကောင်မလေးကို ကျွန်မတူလေး naniအတွက်ချန်ထားပေးတာ....ပြီးတော့ ရှင့်သားနဲ့ tuကချစ်ကြိုက်ကြတာ...ကျွန်မမသည်းခံနိုင်ဘူး ရှင်ဒီအကြောင်းကိုမရှင်းနိုင်ရင် ငါတို့ပြတ်ပြီ"
Brightမိထွေးက အိတ်တစ်လုံးယူပြီး တံခါးဖွင့်တော့ Brightကိုတွေ့ရတယ် Brightက ခေါင်းငုံ့ထားရုံပဲ
"ငါတို့စကားပြောတာကိုခိုပြီးနားထောင်သလား"
"ဖေဖေအဲ့လိုမဟုတ်ဘူး ကျွန်တော်......"
"ရှင်ရဲ့သားကဘယ်လောက်ထိပြောရခက်လည်းဆိုတာကြည့်လိုက် လူကြီးပြောတိုင်းပြန်ခံပြီးပြောတာ"
"မိန်းက သူ့ကိုကိုယ်ပဲရှင်းလိုက်မယ်"
Brightရဲ့အဖေက Brightလက်ကိုတင်းကြပ်ဆုပ်ကိုင်ပြီးအောက်ကိုဆွဲခေါ်သွားလိုက်တယ်မိထွေးဖြစ်သူတော့ပြုံးပြီးကျေနပ်နေမိ
"အာ့ ဖေဖေနာတယ်"
Brightအဖေက သူ့သားကိုအခန်းထဲဆွဲခေါ်ပြီး Brightကိုရိုက်နှပ်လိုက်တယ် ဒီတခါသူ့အဖေအလွန်ဒေါသထွက်တာကြောင့် သူ့ရဲ့မျက်ရည်ကိုမသိမ်းထားနိုင်ဘူး အော်ငိုတယ်
"ရှိူက်....အာ့....ဟီး....အာ့....ဖေဖေသားကိုမရိုက်နဲ့တော့"
"မင်းကြောင့်ငါ့မိန်းမနဲ့လမ်းခွဲရတော့မယ် မင်းကကံဆိုးတဲ့ကောင်ပဲ အစကတည်းကမင်းမမွေးလာသင့်ဘူး"
"ဖေဖေ....ရှိူက်ရှိူက်....သားတောင်းပန်ပါတယ်"
"မင်းတောင်းပန်ရုံလေးတော့မရဘူး....tuဆိုတဲ့ကောင်မလေးနဲ့အဆက်အသွယ်ဖြတ်ရမယ် သူနဲ့ထပ်မပေါင်းရဘူး"
YOU ARE READING
လှည့်စားတဲ့ချစ်ချင်း
Fanfictionwin Bright လုံးဝကွဲပြားတဲ့အကြောင်းပါ bright ကလူတွေကိုမသနားတက် မကြင်နာတက်ဘူး ဇာတ်လမ်သူ့ထက်အားနည်းတဲ့သူဆိုအနိုင်ကျင့်လေ့ရှိတယ် ဘယ်သူ့စကားကိုမှနားမထောင် ခေါင်းမာတဲ့သူ ရုပ်ဆိုးတဲ့လူကိုရွံတယ်မုန်းတယ် winကတော့ယဉ်ကျေး သိမ်မွေ့တယ် ငယ်ချင်းအပေါင်းသင်းလည်းမျ...