Chapter [3]

158 24 6
                                    

..............*ရင်းနှီးသော သူစိမ်း*...............

li ruကိုပြောပီးသည်နှင့်ဟက်ဂရစ်နှင့်လိုက်လာလေသည် ဟက်ဂရစ်ကသူ့အားမစ္စစ်မော်ကင်းဆိုင်ရှေ့ထားခဲ့ကာပြောလေသည်။

"ဟယ်ရီ..ဆိုင်ထဲဝင်ပီးစောင့်နေနော်.."

"ဟုကဲ့ ဟက်ဂရစ်"

ဒီလိုနှင့်သူလဲဝင်လာလိုက်လေသည် သူ့အရှေ့အကွယ်တွင်ကောင်လေးတယောက်လဲအဝတ်တိုင်းနေသည် သးလဲစိတ်မဝင်စားတာနဲ့ဆိုဖာမာဝင်ထိုင်နေလိုက်သည်။

သူလဲဆိုင်ဘေးဘီလိုက်ကြည့်နေတုန်း ဆိုင်ပြတင်းပေါက်မာတင်ထားသောအလှပြပစ္စည်းများထံမျက်စိရောက်သွားလေသည်
သူလဲထကာထိုပစ္စည်းများထားသောနေရာကိုသွားလေသည်။

သူပစ္စည်း များကိုလိုက်ကြည့်နေတုန်းဟိုးနောက်ဆုံးမှာထားထားသောလက်ကောက်လေးဆီမျက်စိရောက်သွားလေသည် သူလဲကိုင်ကြည့်လိုက်လေသည် လက်ကောက်ဘေး၏ပုံစံမှာနွယ်များရစ်ခွေနေသည့်ပုံစံဖြစ်သည်။

သူကိုင်နေတုန်းလက်ရှသွားကာလက်ကောက်တွင်သွေးများပေသွားလေသည် ထို့နောက်လက်ကောက်သည်မြွေတကောင်ကဲ့သို့သူ့လက်ကိုပတ်ကာနောက်ဆုံးလက်ကောက်ဝတ်တွင်နေရာယူသွားလေသည်။

သူသည်အံသြနေရာမှလန့်ကာထအော်လေသည်
"အား..."ထိုချိန်တွင်ဆိုင်ဝန်ထမ်းတယောက်ရောက်လာကာ

"ကလေးဘာများဖြစ်လို့လဲ"

"ဘာ..ဘာမှမဖြစ်ပါဘူး.."

သူလက်ကောက်အကြောင်းပြောဖို့ပြင်တုန်းသူ့ကိုတခုခုကထိန်းချုပ်လိုက်သလိုပြောမထွတ်ခဲ့ပေ။

သည်တခါသူပိုလန့်သွားရလေသည် ဘာလိ​ု့သူ့သွေးနဲ့ထိတိုင်းဆခုခုဖြစ်နေရတာလဲ li ruပြောသလိုငါ့ခန္တာကိုယ်မှာငါတောင်မသိတဲ့လျှို့ဝှတ်ချက်တွေရှိနေတာလား?...

ဆိုင်ဝန်ထမ်းမှထပ်ပြောလေသည်
"ကလေးအဝတ်တိုင်းလို့ရပီ လာ လိုက်ခဲ့"

"ဟု ဟုကဲ့"

သူလဲဘာမှမတွေးတော့ဘဲအနောက်ကလိုက်သွားလေသည် သူမြင်လိုက်ရသောအရာကြောင့်ကြက်သေသေသွားရလေသည်။

I'm Harry Potter but I'm Elf prince tooWhere stories live. Discover now