Chapter[4]

105 15 0
                                    

.....................*ငါကELF??*.................

"အား..ဆိုးရွားတာဘဲ သခင်မကြီးရဲ့မန္တန်ကလွန်သွားတယ်ထင်ပါရဲ့ သခင်လေးဘာမှမမှတ်မိတော့ဘူး"

"ကိစ္စမရှိပါဘူး ကျွန်တော်ရှင်းပြပေးပါ့မယ်အကုန်လုံးကို အရင်ဆုံးကျွန်တော့နာမည်က ဝီလီယံပါသခင်လေး"

ဥာဏ်ဦးယံလည်း တစ်ဖက်လူကဘာဆက်ပြောမလဲဆက်နားထောင်နေလိုက်သည်။

"ဘယ်ကအရင်စကမလဲ..အာဟုတ်ပြီ။ လွန်ခဲ့တဲ့နှစ်၁၀၀၀လောက်က ဒီမှော်ကမ္ဘာကြီးမှာ မှော်ဆရာတွေစုန်းတွေထက်ရှေးကျတဲ့မျိုးနွယ်တစ်ခုရှိတယ် အဲ့လူမျိုးစုက ကလေးကအစမှော်ပညာတက်ကျွမ်းပြီးမှော်ကြိမ်တံကိုပင်သုံးစရာမလိုခဲ့ကြဘူး။အဲ့မျိုးနွယ်ကို ELFလို့ခေါ်ကြတယ် သူတို့ကမွေးရာပါပင်ကိုယ်စွမ်းရည်တွေရှိပြီးမှေယ်မန္တန်မျိုးစုံကိုလဲတက်ကျွမ်းကြတယ်။အဲ့ခေတ်တုန်းကဆိုမှော်လောကတစ်ခုလုံးကအဲမျိုးနွယ်ရဲ့ လက်အောက်မှာဘဲရှိခဲ့တယ်။နောက်ပိုင်းမှာမှော်ဆရာတွေစုန်းတွေကအဲ့မျိုးနွယ်ကိုပုန်ကန်ကြပြီးစစ်ပွဲဖြစ်ခဲ့ကြတယ် အဲ့စစ်ပွဲမှာ မျိုးနွယ်တစ်ခုလုံးသတ်ခံရပြီး တစ်ယောက်ဘဲအသက်ရှင်ခဲ့တယ်။အဲ့လူကလဲမင်းဘဲသခင်လေး။ဘုရင်နဲ့ဘုရင်မကမင်းကိုကယ်ဖို့ကမ္ဘာ့ဟင်းလင်းပြင်ကိုခွဲပြီးမင်းကိုတခြားကမ္ဘာပို့ခဲ့ကြတာ စစ်ပွဲအပြီး မှော်လောက ကပြန်ငြိမ်းချမ်းလာပြီးElfမှော်ပညာတွေလဲတဖြေးဖြေးပျောက်ကွယ်လာခဲ့တယ်။ဒါပေမဲ့ စစ်ပွဲအပြီးနှစ်၁၀၀သခင်လေးရဲ့ကမ္ဘာမှာသခင်လေးတစ်နှစ်ပြည့်မှာဘဲ ဟောကိန်းတစ်ခုထွက်လာတယ်။Elfတွေရဲ့ နောက်ဆုံးကျန်ရစ်သူက တခြားလူအဖြစ်နဲ့မှော်လောကဘကိုပြန်လာပြီးသူ့အသက်၁၆နှစ်ပြည့်တာနဲ့သူ့ရဲ့elfစွမ်းရည်တွေနိုးထလာပြီး မှေ်လောက ရဲ့သက်ရှိအာလုံးကိုစည်းလုံးစေပြီး မှော်လောကကိုအုပ်ချုပ်လိမ့်မယ်ဆိုပြီးတော့ထွက်လာပြီး မှော်ဝန်ကြီးဌာနကလူတွေကော အမှောင်မှော်ဆရာတွေပါ မင်းကိုလိုက်ရှာပြီးချေမှုန်းဖို့လုပ်ခဲ့တယ် ဒါပေမဲ့သူတို့လုံးဝမတွေ့တော့လက်လျှော့ခဲ့ကြပြီး အရာအားလုံးပြန်ငြိမချမ်းသွားတာအခုထိပေါ့ အာ မှားလို့ ဟယ်ရီပေါ်တာလို့ခေါ်တဲ့သခင်လေးရဲ့အခုကိုယ်ရဲ့မိဘတွေနဲ့ဟော့ဝပ်ကအမှောင်မှော်ဆရာတွေရဲ့တိုက်ပွဲရှိသေးတာပေါ့ဒါပေမဲ့အရေးမကြီးတေည့မပြောတော့ဘူး'

I'm Harry Potter but I'm Elf prince tooWhere stories live. Discover now