လင်းလက်လုလင် အိမ်ပြန်ရောက်တော့ အခန်းထဲဝင်ကာ အညိုရောင်စာအုပ်လေးကိုထုတ်ပြီး ရင်ထဲကအတွေးကိုချရေးလိုက်သည်။
/စိုင်းမြတ်ကိုချစ်တယ်/
စာလုံးလေးတွေကရိုးရှင်းပေမယ့် လင်းလက်လုလင်ကတော့ ရင်ခုန်စိတ်လှုပ်ရှားမှုကိုခံစားရသည်။
စိုင်းမြတ်လည်းသူ့လိုထပ်တူခံစားချက်ရှိရင်ကောင်းမည်။
လင်းလက်လုလင် နှစ်တစ်ရာအိမ်ကြီးထဲတွင်ရောက်နေသည်။နှစ်တစ်ရာအိမ်ကြီးထဲမှ အုတ်မီးဖိုလေးက ထင်းမီးတွေတောက်လောင်နေပြီး တစ်အိမ်လုံးကို နွေးထွေးမှုတွေပေးစွမ်းနေသည်။လင်းလက်လုလင်ရင်ထဲ နွေးထွေးသွားသည်။
အုတ်မီးဖိုလေးရဲ့ဘေးတွင် ကုလားထိုင်တစ်လုံးရှိသည်။ကုလားထိုင်ပေါ်တွင်တစ်စုံတစ်ယောက်ကထိုင်နေပုံရသည်။လင်းလက်လုလင် မီးဖိုအနားလျှောက်သွားတော့ ထိုတစ်စုံတစ်ယောက်ကလင်းလက်လုလင် လက်ကိုဆွဲကာရင်ခွင်ထဲထည့်လိုက်သည်။
လင်းလက်လုလင် ထိတ်လန့်သွားပြီးရုန်းကန်သည်။ထိုလူကရယ်ကာ လင်းလက်လုလင်ကို ခပ်တင်းတင်းဖက်ပြီး။
"ဟန်နီ လိမ္မာလေကွာ"
လင်းလက်လုလင် ဒီအသံကြောင့် ရုန်းကန်နေရာမှ ငြိမ်သက်သွားသည်။အသံကစိုင်းမြတ်ထင်အသံနှင့် ဆင်တူပေမယ့် ပိုပြီးလေးနက်ဩရှနေသည်။
လင်းလက်လုလင် ထိုလူကိုအတည်ပြုရန်ခေါ်လိုက်သည်။
"စိုင်းမြတ်...."
"ဗျာ.."
လင်းလက်လုလင် အိပ်မက်မှနိုးလာ၏။အိပ်မက်မှ အခုလေးတင်နိုးပေမယ့် စိတ်ထဲလန်းဆန်းနေကာ ချိုမြိန်နွေးထွေးနေသည်။လင်းလက်လုလင် ပြုံးကာအိပ်ယာမှ ထလိုက်သည်။
အိပ်မက်ထဲကအတိုင်း စိုင်းမြတ်နဲ့ နှစ်ယောက်ထဲရှိရင်ဘယ်လောက်ကောင်းလိုက်မလဲ။
လင်းလက်လုလင် မျက်နှာသစ်ကာ မီးဖိုချောင်ထဲဝင်ခဲ့သည်။မီးဖိုချောင်ထဲတွင် မိခင်က ထမင်းဝိုင်းပြင်ထားသည်။လင်းလက်လုလင် မနက်စာ စားပြီးချိန်တွင် မိခင်က ကော်ဖီဖျော်ပေးသည်။
YOU ARE READING
10cm(Completed)
Short Storyအကွာအဝေး 10cm Started Date-23.3.2022 Ended Date-25.3.2022