မသိစိတ်ထဲရော အသိစိတ်ထဲရော စိုးမိုးထားခဲ့ပြီမှ
ပျောက်ချင်းမလှပျောက်သွားတဲ့ ပဟေဠိ ငယ် တစ်ပုဒ်
ဖြေရှင်းဖို့ရာ အဘယ်နည်းလမ်းကို အားကိုးရပါလိမ့်မလဲထိုနေ့က စပြီး ထိုကောင်လေး ကိုမတွေ့ရသည်မှာ တစ်ပတ်မျုပင် ကြာနေပြီ ဖြစ်သည် ထိုအနီးအနားက အိမ်တွေမှာ သွားရှာကြည့်မိသော်လည်း အရိပ်အယောင်ပင်မတွေ့ရသဖြင့် အနည်းငယ်တော့ စိတ်ညစ်
နေရသည် ပန်းသီးစိမ်း နံ့လေးအား တောင့်တမိသလို ပြုံးခဲတဲ့
အပြုံးလေးတွေကိုလည်း မြင်ချင်ပြန်ပါသည်ထိုနေ့ညက ပြောတယ် '' ကျွန်တော် ကလွတ်လပ်စွာ ပျံသန်းခွင့် ရှိတဲ့ ငှက်ကလေးတစ်ကောင်တော့ မဟုတ်ဘူး ''
တဲ့ ပဟေဠိ ဆန်စွာပြောတဲ့ ထိုစကားပြောနေချိန်တော့ ထိုကောင်လေး ရဲ့ မျက်ဝန်းတွေ က အားနည်းသွားတတ်သည်..အတွေးတွေ ကိုဖြတ်တောက်လိုက်တဲ့ အတွင်းရေးမှူး ရဲ့ ဧည့်သည် ရောက်နေသည်ဟူသောအသံကြောင့် ဝင်ခဲ့လို့
ပြောတော့ ပန်းသီးစိမ်း နံ့ရေမွေး နံ့လေးက အရင်ဆုံး ရောက်လာပြီး မကြာခင် ကင်နာရာ အခန်းထဲသို့ ဝင်လာတော့သည်'' စီအီးအို ဂျွန် အလုပ်အားရင် နာရာနဲ့ ပြတိုက်ကိုလိုက်ကြည့်ပေးလို့ရမလားဟင် ''
'' အခုတော့ မရဘူး ''
'' နာရာလည်း အားတဲ့နေ့မှ အချိန်ညှိဖို့ပြောတာပါ နာရာကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီတွေ ပြချင်လို့ရော ပါ ''
'' အင်း တချက်ညှိပေးမယ် အခုအစည်းအဝေးရှိလို့ သွားလိုက်ပါအုံးမယ် ''
ထိုအခါမှ အခန်းထဲကထွက်သွားတဲ့ နာရာ တကယ်က ဘာအစည်းအဝေးမှတက်စရာမရှိသော်လည်း စိတ်မွန်းကြပ်စေတဲ့ သူတွေနဲ့ အကြာကြီးမနေနိုင်တဲ့ အကျင့်ဆိုးလေးက ပေါ်လာလို့ရော ဖြစ်သည်
တိတ်ဆိတ် နေတဲ့ ဥယျာဉ် ငယ်လေးအတွင်း၌ အလုပ်ရှုပ်နေသော ကောင်လေးတစ်ယောက် ရှေ့တွင် ပန်းချီနှင့်ဆိုင်သော ပစ္စည်း များနဲ့အတူ စုတ်တံကို အာရုံစိုက်ကာ ဂရုတစိုက် ဆေးခြယ်နေသည် ဘေးတွင် ဆွဲလက်စ ပန်းချီများစွာရှိနေသလို ယခု အာရုံစိုက်ဆွဲနေသော
လူငယ်တစ်ယောက် ပုံ လို့ ထင်ရသည် အကြမ်းဆွဲနေရင်း
ထွက်လာသော တံခါးခေါက်သံကြောင့် ဆွဲလက်စ ပုံကို ဖွက်လိုက်သောထိုကောင်လေး
YOU ARE READING
Differently [ongoing]
Romanceမတူညီတဲ့ လူနှစ်ယောက် မပေါင်းစပ်နိုင်ဘူးလို့ ဘယ် အဘိဓာန် မှာမှ ပြဋ္ဌာန်းထားခြင်းမရှိသရွေ့ မင်းဟာ မောင့်အပိုင်ဖြစ်လာနိုင်တာဘဲ ယောင်း