➡Ep1➡

1.8K 80 4
                                    

တိတ်ဆိတ်နေသော ရပ်ကွက်ထဲသို့ အရှိန်ကုန်တင်ကာ
မောင်းဝင်လာသော ကားတစ်စီး ညဥ့်နက် ချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ကိုဆူညံသွားစေသောကားသံဟာဖြင့်
ကြီးမားပြီး တခမ်းတနား ရှိသော စံအိမ်အတွင်းသို့ ဝင်ရောက်
သွားခြင်း ဖြစ်သည်

DPN Brand တွေရဲ့ အရှင်သခင်
DPN   company ရဲ့ ဆက်ခံသူ ဂျွန် မျိုးဆက် ၏
သားကြီး ဂျွန်ဂျောင်ကု ဆိုသော လူငယ်တစ်ယောက် ဂုတ်ထိရောက်နေသော ဆံပင်များအား စည်းထားပြီး Purple ရောင် ဆံနွယ်တွေဟာ အသားအရောင်နဲ့ လိုက်ဖက်စွာ တည်ရှိနေသည် တည်ကြည်သောအသွင်ကို
ပေးသည့်မျက်ခုံးများက ထိလုမတတ် ကျုံ့ထားပြီး
Suit ခဲရောင်ဟာလည်း ခန္ဓာကိုယ် နဲ့လိုက်ဖက်စွာ နှစ်ကြိမ်မကပြန်ငေးရသော ရုပ်ရည်ရူပကာနဲ့ ပြည့်စုံလှသည်

'' သား ပြန်လာပြီလား ထမင်းရောတစ်နေကုန်မှစားရဲ့လား ''

'' မားကလည်း ကျွန်တော် ကလေး မဟုတ်တော့ပါဘူးဆို တစ်နေကုန် ထမင်းစားပါတယ် ဗျာ ''

'' မင်းမားက ငါ့ကိုတောင် မမေးဘဲ သားကိုကျော်မေးတာ
အဖေဖြင့်သဝန်တောင်တိုလာပြီကွာ ''

'' ဒယ်ဒီ ကလည်း ဗျာ လာပါ စိတ်ကောက်မနေနဲ့ ထမင်းအတူစားကြမယ်  ဂျောင်မင်း ရောမား ''

'' မင်းညီလေး ကအိပ်ပြီပေါ့ ဒီချိန်ကြီး မင်းသာ မအိပ်ဘဲ
ညထိ OT ဆင်းနေတာလေ ''

'' ရေသွားချိုးပြီးထမင်းစားတော့မယ် မားတို့အိပ်ချင်အိပ်တော့လေ ''

အပြိုင်အဆိုင်လောကထဲ အလုပ်လုပ်နေရတဲ့အတွက် စိတ်ညစ်မှုတွေ နေ့တိုင်း ကြုံရပေမယ့် အိမ်ပြန်ရောက်ချိန်တိုင်း အမြဲ ကြိုဆိုပေးမယ့်မိသားစုကတော့ ကျွန်တော့်အတွက်အေးချမ်းရာလေးတစ်ခုပေါ့

နေ့စဉ် လုပ်ငန်းဆောင်တာတွေ ကြိုးစားလုပ်ကိုင်ရင်း ကျန်သော ကိစ္စ များအား အချိန်မပေးနိုင်သေး သို့သော် မန်နေဂျင်း ဂျွန်ရဲ့ အိပ်မက်တစ်ခုက လူတစ်ယောက် ကိုအကြာကြီး ချစ်သွားချင်တယ် လို့ဘယ်သူထင်လိမ့်မလဲ
သို့သော် ချစ်ဖို့ထပ်မကြိုးစားတော့ပါဘူးလို့ ညတိုင်း ရေရွတ်နေတတ်ပြန်တယ်

Differently [ongoing] Where stories live. Discover now