ဘာလိုလိုနဲ့ ကျွန်တော်မြွေမြို့ကိုရောက်တာ
၁နှစ်တောင်ပြည့်ခဲ့ပြီပဲ။
ဖြတ်သန်းခဲ့တဲ့ တစ်နှစ်အတွင်း နန္ဒတို့က
ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့ကြတယ်။
ဆေးခန်းက လူတွေလည်းကျွန်တော့်ကို
ဖော်ရွေစွာ ဆက်ဆံကြတယ်။
ကျွန်တော်အရမ်းပျော်တယ်..။
ဒါပေမဲ့ မပြည့်စုံသလို ခံစားရတယ်..။
တစ်ခုခုလိုအပ်နေသလိုပဲ ၊ ကျွန်တော်ဘယ်လိုပဲ ကြိုးစားပြီးအဖြေရှာနေပါစေ
အချည်းအနှီးပဲ ။ညရောက်တိုင်း အိပ်မက်ထဲမှာယေးယေးလေးသာ မြင်နေရတဲ့ ပုံရိပ်လေးတစ်ခုကို ကျွန်တော် ကြိုးစားပြီးပုံဖော်ကြည့်
ပေမဲ့ မရခဲ့ဘူး။
ကျွန်တော်လေ အရမ်းခံပြင်းတယ်၊ မွန်းလည်းကြပ်တယ် အဲ့ဒီပုံရိပ်လေးကို
ဖမ်းဆုပ်ဖို့ကြိုးစားလိုက်တိုင်း အခိုးအငွေ့လေးတွေအဖြစ် လေထဲကနေပျောက်ကွယ်
သွားတယ်။ ကျွန်တော် ဘားမှမတတ်နိုင်ခဲ့ဘူး။
ပြီးတော့ ထိုမပြီပြင်တဲ့ ပုံရိပ်ယောင်လေးဆီကနေ အမြဲကြားနေရတဲ့ နာမ်စားလေးတစ်ခု၊
သူ့အသံမှာ ကြေကွဲခြင်းတို့နဲ့ ပြည့်နှက်နေတယ်။ ကျွန်တော့်ရင်ဘတ်ကြီးလည်း
ပေါက်ထွက်မတတ်နာကျင်နေတယ်...။
ထိုပုံရိပ်လေးရဲ့ အသံတွေထဲမှာ နာကျင်မှုတွေ ဝမ်းနည်းမှုတွေ လွမ်းဆွတ်မှုတွေနဲ့ လည်းပြည့်နှက်နေသည်။
ကျွန်တော် မျက်ရည်များနဲ့ နိုးလာခဲ့ရတဲ့
ရက်တွေကိုတောင် ကျွန်တော်မရေတွက်နိုင်
တော့ဘူး....။
သူဆီကအမြဲကြားနေရတဲ့ နာမ်စားလေးကတော့..........'မောင်´ တဲ့။
သြော်..ဒါနဲ့ ဒီနေ့က မြွေနတ်ဘုရားပွဲတော်
နေ့လေ.........။
🌸🌸🌸🌸🌸
ဆက်ရန်-
မှတ်မိကြသေးလားမြွေနတ်ဘုရားပွဲတော်
နေ့လေးကို😁
Ongoingပဲလိုက်မလား ဥပဲဥထားမလားဆိုတာကတော့ ဒါဒါလေးတို့ရဲ့သဘောပါပဲဗျ။
Ongoingလိုက်ရင်တော့ စာရေးရတာပိုအားရှိတာပေါ့ဗျာ.....။
မနက်ဖြန် ep 01 ရမယ်နော😍
Shweyaungthetkarit❄
---------------------------------------
ပေမဲ့ မရခဲ့ဘူး။
တော့ဘူး....။
နေ့လေ.........။
🌸🌸🌸🌸🌸
ဆက်ရန်-
နေ့လေးကို😁
မနက်ဖြန် ep 01 ရမယ်နော😍
Shweyaungthetkarit❄
---------------------------------------
YOU ARE READING
နှလုံးသားကို ပြန်လည်ရယူခြင်း(နှလုံးသားကို ပြန်လည်ရယူခြင်း)(ongoing)