"လက်တေး တစ်ခွက် ပေးပါ "
ကောင်တာ မှာ ကော်ဖီ မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ကောင်လေး ၊ ထိုကောင်လေး ရဲ့ မျက်လုံးတွေ မှာ ဝမ်းနည်းမှုတွေ ဖုံးလွှမ်းနေတယ်။
"လက်တေးပဲ လား အစ်ကို ၊ ချောကလက် ကိတ် မယူတော့ ...."
ကောင်တာက ကောင်မလေး စကားဆက်မပြောတော့ပဲ ငြိမ်သက်သွားခြင်းကို ကြည့်ချင်းဖြင့် ထိုကောင်လေး ၊ ဤ ကော်ဖီဆိုင်နှင့် ရင်းနှီးနေသည့်ပုံရှိသည်။
"မယူတော့ပါဘူး ဗျာ...."
ကောင်လေး အသံ အားပျော့လျှက်သာ။"၄၅၀၀ ပါအစ်ကို "
ကိုယ်တိုင်ယူစနစ်နှင့်မို့ ၊ ကော်ဖီခွက် တင်ထားသည့် ဗန်းကို ယူရင်း လူအရှင်းဆုံးနေရာ ကို ရွေးချယ် ပြီးထိုင်နေတော့တယ် ။
ကော်ဖီ ဆိုင်မှာ ဖွင့်ထားတဲ့ သီချင်း က သူ့ကို လှောင်နေသလားပင်။
"နေညိုရင် ..ငါတို့ ခွဲရမယ်
အချိန်တွေကို ရပ်ဆိုင်းထားချင်လဲ ..."
"ဟူး ....."
လေးနက်စွာ ရှုရှိုက်မိသည့် သက်ပြင်းသံ ထွက်လာသည်။သူ့ နာမည် လင်းထိုက် ။လင်းထိုက် ဒီနေ့ ၊ ဒီကော်ဖီ ဆိုင်လေး ကိုရောက်လာရသည့် အကြောင်းကို စရရင် လွန်ခဲ့သော (၂) ရက်ခန့်ကို ပြန်ရွေ့ရလေမည်။
တစ်ယောက်စာ အတွက် အလွန်ကျယ်လွန်းလှသည့် တိုက်ခန်း ၊ အမျိုးသားတစ်ယောက်တည်း နေသော်လည်း သန့်ရှင်းလှသည် ။ အိမ်တွင်းစိုက်ပျိုးသည့် အပင်ငယ်လေးများကိုလည်း စီစီရီရီ စိုက်ပျိုးထားသည့် ပုံကို ကြည့်ချင်းဖြင့် အေးချမ်းလှ၏။လင်းထိုက်၏ တစ်နေ့တာ အလုပ်များမှာ သိပ်ကို ရိုးရှင်းလှပါသည် ။ဥပမာ မနက်နိုး ၊ မျက်နှာသစ် မနက်စာ ပြီးနောက် ရုံးအလုပ်များကို ထိုင်လုပ်နေသည် မှာ ခေါင်းတောင်မဖော် ။သည်လိုနှင့် ညနေရောက် ညနေစာချက်ရင် ချက် ၊ မချက်နိုင်ရင် အပြင်က ဝယ် စား နှင့်သာ ...။ တကယ့်ကို ရိုးရှင်းစွာ ဖြတ်သန်းနေသောလည်း သူ့နှလုံးသားမှာ ဒဏ်ရာနှင့်သာ ။
တစ်နေ့ ...
"တီ...တီ...တီ"
ဖုန်း alarm မှ မြည်လာသံ။ အချိန်အားဖြင့် မနက် (၇) နာရီ ထိုးလေပြီး။အိပ်ယာသိမ်းပြီနောက် မီးဖိုခန်းထဲ ရောက်လာပြီ ထမင်းအိုးလေး တစ်ယောက်စာ တည်နေတော့သည်။ထမင်းအိုးတည်ထားရင်း သူပြုမှုနေပုံမှာ တစ်စုံတစ်ယောက် မှာကြားခဲ့သည့်အတိုင်း ၊ ထမင်းအိုးရေထည့်သည်ကအစ ပြုမှုနေဟန် ရှိသည် ။ ထို့နောက် ဘုရားခန်းထဲ သွား တရားခွေ ဖွင့်ပြီး ၊ ဘုရားအလျှင်အမြန် ရှိခိုးနေတော့တယ် ။ ထို့နောက် ရေမိုးချိုးပြီး ကော်ဖီ တစ်ခွက်ကို အဖော်ပြုမည် တွေးရင်း မီးခိုခန်းထဲရှိ ရေခဲ သေတ္တာနား ရောက်သည့် အချိန် တစ်စုံတစ်ခုက သူ့၏ မျက်လုံးများကို ဖမ်းစားခဲ့တော့သည် ။ ထိုအရာမှာ ရေခဲသေတ္တာတွင် ကပ်ထားသည့် စာရွက်လေးတစ်ရွက်