CINGULOMANIA

874 91 6
                                    

(( 1 ))

# U & Z


ဟောက်သံ ပိစိလေး တွေ ထွက်နေသည်ထိ နှစ်နှစ်
ခြိုက်ခြိုက် အိပ်ပျော်နေသည့် Sol လေးကို ကြည့်ကာ
ရှောင်ကျန့် သမီးလေးရဲ့ ဖောင်းအိနေသည့် ပါးလေးတွေကို
နှာဖျား တစ်ခုလုံး နစ်ဝင်သည်ထိ နမ်းလိုက်မိတော့
တအီအီနဲ့ မျက်လုံးတွေကို ဖိပွတ်လာတဲ Sol လေး ။

" မျက်လုံးကို မပွတ်ရဘူးလို့ papa ပြောထားတယ်
မလား အဆိုးလေး ။ "

" မွမွ... papa Sol ကို အာဘွား အကြီးကြီး ပေး ။ "

နှုတ်ခမ်းနီတာရဲလေးကို ဆူထော်ကာ ပြောလာသည့်
သမီးငယ်ကြောင့်ရှောင်ကျန့် ပါးပြင်အိစက်စက်လေးကို
ဘယ်ညာမလပ် နေရာလွတ်မကျန်အောင် မွှေးမွှေးပေးလိုက်တော့ သွားစွယ်ဖြူဖြူလေး ပေါ်သည်ထိ
ရယ်မောလာသည့် သူ့ရဲ့ အသည်းအသက်ကလေး

ရှောင်ကျန့်တို့ သားဖနှစ်ယောက်ရဲ့ မနက်ခင်းလေးက
ကြည်လင်သာယာစွာ.... ။

~~~~

" Daddy.... "

Cutton shirt အနက်ကို skinny pants အနက်နဲ့
အပေါ်က free coat အသားရောင်ကို ထပ်ဝတ်ထားပြီး
ရှိုးစမိုး အပြည့်နဲ့ ရိပေါ်ကို ကြည့်ကာ ရှောင်ကျန့်
နှာခေါင်းရှုံ့လိုက်မိတယ်။

ဟင့် ! သူကိုယ်သူ အိမ်ထောင်သည်မှန်းတော့ သိပါလေစ။

" Daddy ကို morning kiss လေး ပေးပါအုံး sunshine လေး ။ "

သူ့ daddy ရဲ့ ပခုံးကို ဖက်ကာ ပါးကို နှုတ်ခမ်းသေးသေးလေးတွေနဲ့ နမ်းလိုက်တဲ့ သမီးငယ်။ ရှောင်ကျန့် စိတ်ထဲ ကြည်နူးရိပ်တို့က တလိပ်လိပ် မြင့်တက်လို့။

ရိပေါ် မာမီသာ... သူတို့ အိမ်ထောင်ရေးကို
ဝင်မစွက်ဖက်ရင် သူတို့မိသားစုလေး နေ့ရက်တိုင်း ပျော်ရွှင်နိုင်မယ်ထင်ပါရဲ့ ။

ကျောင်းချိန်နီးနေပြီမို့ သားဖနှစ်ယောက်ရဲ့ စနောက်
ကျီစယ်မှု့တွေကို တစ်ခန်းရပ်ကာ school bus မှီဖို့အရေး
အိမ်ရှေ့ကို အမြန်ပြေးထွက်ရသည်။

ရှောင်ကျန့်လက်ထဲက သမီးငယ်ကို အပြုံးချိုချိုနဲ့
ဆရာမလေးက ပြတင်းပေါက်နား နေရာချပေးလေသည်။

CINGULOMANIA Where stories live. Discover now