(( 2 ))
ဒီလ အတွင်း အကုန်ဖြတ်ရမည့် အလုပ်တွေကြောင့်
ရှောင်ကျန့် အလုပ်ပုံထဲ ခေါင်းစိုက်နေရသည်။
Summer theme အတွက်... design တွေကို မနေ့ကမှ
ပုံကြမ်း လာအပ်တာကြောင့် ဒီဇိုင်ဌာန တစ်ခုလုံးကို
ရှောင်ကျန့် ဒေါသထွက်ထွက်နဲ့ အော်ဟစ်ငေါက်ငမ်းထားလိုက်သေးသည်။ကျန်တဲ့အချိန်ဆို စကားကို ဆယ်ခွန်းပြည့်အောင်ပင်
မပြောသောသူက အလုပ်ကိစ္စနဲ့ ပက်သက်ရင်တော့
အလွန် တိကျတဲ့ လူစားမျိုးပင်။အောက်ခြေကနေ စခဲ့ရတဲ့ဘဝမို့ သူ့ဝန်ထမ်းတွေကိုလည်း
အောက်ခြေမလွတ်ဘဲ အချိန်မှန်မှန် တိတိကျကျ
အပါးမခိုဘဲ ကိုယ့်တာဝန်ကိုယ် ကျေပွန်စေချင်တာ
ရှောင်ကျန့်ရဲ့ ဆန္ဒ ။Summer fashion မို့ free ဖြစ်ပြီး တစ်ချိန်တည်းမှာပင်
Sexy လည်း ကျနေရမည် ဖြစ်တာကြောင့် ဒီဇိုင်းဌာနက လာပေးသမျှထဲ သုံးလို့ရတာက သုံးလေးခုသာရှိသည်။ရှောင်ကျန့်တော့ ခေါင်းခဲရအုံးမှာဘဲ ။
" Boss, ဟို... ROYAL WANG GROUP က
Boss နဲ့ တွေ့ချင်လို့တဲ့ ။ appoinment လည်း
မယူထားတော့.... "" ဝင်ခိုင်းလိုက် ။ ပြီးရင် ကော်ဖီ နှစ်ခွက်လာချပေး "
နှင်လွှတ်လို့လည်း မကောင်းတာမို့ တွေ့ရပြန်အုံးမည်။
ကိုကို့ ကို ချစ်တာနဲ့ဘဲ ကိုကို့ နဲ့ပက်သက်သမျှ
လူတွေကို ရှောင်ကျန့် အောက်ကျို့မခံနိုင်။ထိုစာရင်းမှာ ကိုကို့ မာမီက ထိပ်ဆုံးကပါသည်။
အတွင်းရေးမှူး မင် ထွက်သွားတာနဲ့ ရှေ့ဆင့်နောက်ဆင့်
ကိုကို့ အမေက ဝင်လာလေသည်။" ထိုင်ပါ အန်တီ ။ "
မျက်နှာကို မော်ချီထားတဲ့ သူမက စီးပွားရေးလောကမှာ
ယောကျာ်းသား မဟုတ်ပါဘဲ မိန်းမသား တစ်ဦး
အနေနဲ့
သူမရဲ့ လုပ်ငန်းစုက ထိပ်ဆုံးမှာမို့ ထက်မြတ်က မာနကြီးတဲ့ မိန်းမမျိုးမှန်း လူတိုင်းသိကြသည်။၅၀ ကျော်လို့မထင်ရအောင် အရွယ်တင်နုပျိုနေသည်မှာတော့ ငြင်းဆိုနိုင်ဖွယ်ရာမရှိပေ ။ အနီရင့်ရင့် အပြင်အဆင်နဲ့ သူမက နှင်ဆီတစ်ပွင့်လို ရဲရဲတောက်လျက်။

YOU ARE READING
CINGULOMANIA
Fiksi Penggemar~အမျိုးအစားမတူညီတဲ့ ချစ်ခြင်းမေတ္တာကြား ငါတို့လွန်ဆွဲကြည့်ကြမလား ၊ချစ်ခြင်းရယ်တော့ ညီပါစေပေါ့ ~ BJYX BURMESE FANFICTION Genre - Marriage life, romance, m-preg, strong shou Started - 25. 3. 2022 Ended - ????