Ep 1 systemသို့ ကူးပြောင်းခြင်း

1.2K 87 8
                                    

"ဟဲ့ ဝမ်ရိပေါ် ဝမ်ရိပေါ်ရေ ခုထိမထသေးဘူးလား တကယ်ပါပဲဟယ် ကျောင်းပိတ်တယ်ဆိုတိုင်း နေ့တိုင်းနေမြင့်တဲ့အထိပဲ အိပ်နေတာ ညကျ gameတွေ ညဥ့်နက်အောင်ဆော့ပြီးတော့ ဒီကောင်လေးကတော့လေ''

" ကဲပါ မားရယ် သမီးပဲ သွားနှိုးလိုက်ပါ့မယ် မားက စိတ်အေးအေးထား တော်ကြာ သွေးတွေတိုးနေဦးမယ်''

"အေးပါကွယ် ငါ့မှာ သားသမီး၃ယောက်ရှိတာ သားကြီးနဲ့ သမီးအတွက် မပူရဘူး ဒီကောင်လေးကိုပဲ ပြောနေရတယ်''

" ဒေါက် ဒေါက် ဒေါက်''
" ဝမ်ဝမ်ရေ ထတော့လေ နောက်ကျနေပြီ ကျဲတောင် အလုပ်သွားတော့မှာ ထတော့နော် ''

"....''

" မထဘူးပေါ့လေ ကျဲက မင်းကို ဒီလထွက်တဲ့ designအသစ် စကိတ် လေးဝယ်ပေးမလို့ကိုး မင်းကမလိုချင်လည်း ရပါတယ်လေ ကျဲသွားပြီနော်''

"ကျွီ''

"နေပာဦး ကျဲရဲ့ ငါထပြီနော် စောနက ပြောတာ တကယ်လား😁''

" အင်း မျက်နှာအရင်သွားသစ်ပါဦး ဝမ်ဝမ်ရဲ့''

"ရေး... ကျဲ နင်ပြောပြီးသားနော် ဝယ်ပေးရမှာနော် သားအသစ်လေးရတော့မှာပေါ့''

" ကဲပါ ဝမ်ဝမ်ရယ် မျက်နှာအရင်သစ်ပြီး အောက်သာဆင်းခဲ့ပါဟယ်''

"Omm မွ😘''

"အော် ဒီကလေးကတော့ ''
ယွဲ့လီတစ်ယောက် သူ့ပါးကို နမ်းသွားတဲ့ မောင်ဖြစ်သူကို ကြည့်ပြီး ခေါင်းသာ ယမ်းနေမိတော့တယ်
*ဒီကလေးကလေ လူကဖြင့် အသက် ၂၀ ကျော် ရှိနေပြီ ခုထိ ကလေးလို လုပ်တုန်း သူ့မှာ သူ့ ganeတွေ skateတွေ နဲ့ရှုပ်နေတာ ဆိုင်ကယ်ကတော့ ပါးက ကျောင်းပိတ်တော့ ပြန်သိမ်းထားလို့သာရယ်
ဘာပဲဖြစ်ဖြစ် လေ သူ့မောင်လေးက တခြား သူနဲ့ သက်တူရွယ်တူတွေလို ဆိုးသွမ်းနေတာမှ မဟုတ်တာ ရည်းစားတွေ ဘာတွေလည်း ထားတာ မဟုတ်ဘူး
ဒီမောင်လေးကို အလိုလိုက်ရတာ တန်ပါတယ်လေ *

"လီလီ သမီး ဆေးရုံ နောက်ကျနေမယ်နော် လာခဲ့တော့လေ''

"ဟုတ် မား''

Time skip>>>>
ရိပေါ်တစ်ယောက် မနက်စာစားပြီး အိပ်ရာထဲ ပြန်ကွေးနေမိတယ်
ဖုန်းသုံးရတာ ကြာလာတော့ ပျင်းတာနဲ့ ဟိုကောင်တွေဆီ ဖုန်းဆက်လိုက်တယ်

FØØLISH SYSTEM (Unicode + Zawgyi)Where stories live. Discover now