Smile On My Face 🍒 5 🍒

15 6 6
                                    


🙇‍♀️ဆေးပညာကို ဘာမှသေချာမသိသဖြင့် ရေးသမျှ ကလည်း Fic သဘောပဲဖတ်ပေးကြပါနော်🙇‍♀️

Operation room ကပ်ရပ်တွဲ အခန်း ၂ ခန်း ထဲတွင် ခွဲစိတ် ဆရာဝန်များနှင့် သူနာပြုဆရာမတွေ အပြေးအလွား နှင့် အလုပ်ရှပ်နေကြသည်။

Room 1️⃣

"လူနာ နှလုံး ခုန် နှုန်းအားနည်းနေတယ် သွေးလည်း အထွက် လွန်နေတယ် သွေးအပိုတေထပ်ယူပေးပါအုံး"

" Oxygen ကိုလည်း Level 6 ထိမြင့်ပေးပါ"

" သွေးပေါင်ချိန်လည်း နည်းနေတယ် အစစအရာရာ သတိထားရမယ့် case မို့ အကုန် သတိကြီးစွာထားပေးပါအုံးး"

"Nae. ..........Dr Oh "

Room 2️⃣

" လှူနာက ပေါက်ကွဲမှူကြောင့်ရောက်လာတာမို့ ရှိသမျှ အစိတ်အပိုင်း တစ်ကိုယ်လုံး က လည်း ပျက်စီးနေပြီ....နှလုံးခုန်နှုန်းကတော့ ရှိနေသေးတာမို့ အစစအရာရာ သတိထားရမယ်"

" သွေး oxygen အကူ ပစ္စည်း တေ အကုန် အပိုတေ အများကြီး ယူထားပါ အရေးပေါ် အတွက်လည်း အဆင်သင့်ဖြစ်ပါစေ "

" ECG လည်း ဆွဲပေးပါ.......သွေးပေါင်ချိန်ဘယ်လောက်ရှိလဲ...."

Doctor Kim Minseok က သူငယ်ချင်း ဖြစ်သူကို ကိုယ်တိုင် ကုသနေရတာမို့ စိတ်တည်ငြိမ်အောင် မနည်းလုပ်နေရတယ်။

ဘာမှလွဲချော်လို့မရဘူးမလား။ ပြန်လာခဲ့ ပါသူငယ်ချင်းရာ ကျေးဇူးပြုပြီ။

..............

ခွဲခန်းရှေ့တွင် ဆောက်တည်ရာမရဖြစ်နေတဲ့ Chanyeol ကတော့ မျက်ရည်တေပေါက်ပေါက် ကျနေရင်း

" သူဘာမှမဖြစ်ပါစေနဲ့ ဘုရားသခင် ကူညီဆောင်မပေးပါ " စသည်ဖြင့် ပါးစပ်က တတွတ်တွတ်ရွတ်ဆိုလျက်။

ကျွန်တော် တို့ နှစ်ယောက် ရဲ့ နှစ်ပတ်လည်နေ့လေ Lu ရာ။ အမြန်နိုးထလာပါတော့။ သတိရလာပေးပါ.......ကျွန်တော် တို့ အတူတူ Date ကြမယ်လေ.......Lu သတိရလာရင် ဒီအလုပ်ကနေချက်ချင်းထွက်ခိုင်းမှာ....

ကျွန်တော် နဲ့လက်ထပ်ပြီး ကျွန်တော့်လုပ်စာကိုပဲထိုင်စားခိုင်းတော့မယ်။ အဲ့ကြောင့် အမြန် ပြန်လာပေးပါတော့........။

Smile On My Face  ( Uni + Zaw )Where stories live. Discover now