🛸Introduction🛸

9.5K 291 4
                                    

ထယ်ရဲ့အရာရာဟာသူ့ကိုပဲပုံပေးခဲ့ပေမယ့် သူကတော့မိဘတွေ၊ဆွေမျိုး၊အသိုင်းအဝိုင်းတွေကိုပဲသိပ်ဂရုစိုက်တာမဟုတ်လား။နောက်ဆုံးအထိ သူကထယ်ကိုမရွေးချယ်ခဲ့ဘဲ သားလေးကိုတောင် ထယ့်ဘဝထဲကဆွဲထုတ်သွားခဲ့တာမဟုတ်လား။ဒါတောင်သူကဘာတွေထပ်လိုချင်နေရတာလဲ ထယ်လဲမသိတော့ပါဘူး။

~ Chewing gum {PK} ~

" ကင်မ်ထယ်ယောင်း...
မင်းအခုကစပြီးငါ့သားနဲ့မတွေ့ပါနဲ့"

"ဘာဖြစ်လို့လဲ ဂျောင်ဂုဂီရဲ့
ငါ့သွေးတဝက်ပါတာမို့ ငါသားပဲ ဟ ဟ"

"မင်းတို့ကလေးရှေ့မှာမိုးမမြင်လေမမြင်အကြည်စိုက်နေကြတာ မရှက်ဘူးလားဟမ်"

"အော် လက်စသတ်တော့ ဂျောင်ဂုဂီကမနေ့ကဂျီနဲ့ငါရယ်၊သားရယ်ကစားကွင်းကိုသွားတာလိုက်ချောင်းခဲ့တာပဲ ဟ ဟ"

"အေး..
မမြင်ချင့်အဆုံးဖြစ်နေလို့ပြောနေတာကွသိရဲ့လား"

"အော် ငါကမင်းလိုကလေးငုတ်တုတ်နဲ့ ကောင်ကိုကွာရှင်းပြီး မျက်နှာပြောင်တိုက်မိန်းမယူတဲ့အကောင်တော့မဟုတ်ဘူးကွ"

"မင်း မင်း..."

ဖြန်း!!

ပါးပေါ်ရောက်လာသည့် သူ့ရဲ့လက်။ပါးပေါ်ကနာကျင်မှုထက် ဟော့ဒီ့ရင်ဘတ်ထဲကနာကျင်မှုက ပိုနာကျင်ရတယ်ဂုဂီရဲ့။ငါ့ဘဝမှာမင်းကိုချစ်မိခဲ့တာအမှားဆုံးပဲ။မင်းကငါ့ကိုသိပ်နိုင်စားလွန်းတယ်ဂုဂီ။ငါပင်ပမ်းလှပြီ။

"ဘာလဲ နာသွားတာလား‌ဂျောင်ဂုဂီရဲ့ ဟ ဟ"

ဒီအချိန်ထိတောင်ပြုံးကာ စကားတို့ကိုပြန်ခနဲ့နေနိုင်သည့်သူ။မင်းကအရင်ကထက်ပိုခန့်မှန်းရခက်လာပါ့လား။

"ဒါပဲမလားငါပြန်တော့မယ်ဂျောင်ဂု။
မင်းမှတ်ထားပါ မင်းနဲ့ရမှငါ့သားမဟုတ်ဘူး တခြားသူနဲ့ရလည်းငါ့သွေးပါတာမို့ငါချစ်မှာပဲ"

နာကျဥ်းသည့်မျက်ဝန်းတစုံနှင့်ပြောလာသည့်သူ၏စကားသံတွေကပဲ့တင်ထပ်ကာကြားနေရသလိုပင်။

သူ့ပါးကိုရိုက်လိုက်မိသည့် ကိုယ့်လက်ကိုယ်ပြန်ကြည့်ကာ ရွံမုန်းမိသည်။တခါမှလက်မပါခဲ့ပေမယ့် အခုမှဘာ့ကြောင့်မှန်းမသိ လက်ကပါသွားခဲ့လေပြီ။တောင်းပန်ရအောင်လည်း သူနဲ့ကိုယ်နဲ့က အာ့လောက်ထိပတ်သတ်ရလောက်မည့်သူမျိုးမဟုတ်ပြန်ပေ။

Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]Where stories live. Discover now