*ပါပါးကအာ့လောက်လှပြီး အလိုက်သိတတ်တာဘာလို့ ဒယ်ဒီကကွာရှင်းခဲ့တာလဲ*လို့မေးချင်ပေမယ့် မမေးဖြစ်ခဲ့ပေ။
~ Chewing Gum {PK} ~
ဂျောင်ဂု သားဖြစ်သူတောင်းဆိုထားသည့်အတိုင်း သားပါပါးအိမ်သို့ ကားကိုမောင်းနှင်နေခြင်းပင်...
Ring Ring!!
"ဟယ်လို"
*ဂျုံးဂုလား*
"ဟုတ်ဦးဦးဂျီ"
*သားအခု သားပါပါးဆီနေတာလား*
"ဟုတ်တယ်ဦးဦးဂျီရဲ့"
*ဦးဦးဂျီ ဘာဝယ်ခဲ့ရမလဲ ဦးဦးဂျီလည်း သားရဲ့ပါပါးဆီလာနေတာ*
"မဝယ်နဲ့တော့ ဦးဦးဂျီ အရင်ရောက်အောင်သာလာ ဂိမ်းအတူဆော့ကြမယ်"
*ဟုတ်ပါပြီဗျ
ဒါဆိုဦးဦးဂျီတို့မကြာခင်တွေ့မယ်နော်
ဘိုင့်*"ဟုတ် ဘိုင် ဘိုင်"
ဂျုံးဂု လည်းဖုန်း screen ကိုကြည့်ကာပြုံးမိလိုက်သည်။
ဦးဦးဂျီဟာ ပါပါးအပေါ်လည်းကောင်းပေးခဲ့သလို ဂျုံးဂုအပေါ်လည်းကောင်းပေးခဲ့သည်။
ပျော်ပျော််ရွှင်ရွှင်နေတတ်သလို ပါပါးကိုဆိုသိပ် စ တတ်သေးတာ...
ပါပါး အပေါ်အခွင့်အရေးလည်းမယူခဲ့သလို ပါပါးကိုပျော်အောင်ဖန်တီးပေးတတ်သေးသည်။
ဦးဦးဂျီနဲ့ဆို ဂျုံးဂုသဘောတူပါသည်။
ခက်တာကပါပါး!!
ပါပါးက အာ့လိုအကြောင်းတွေပြောရင်မကြိုက်...
ဂျုံးဂုမှာ ပါပါးနဲ့ဦးဦးဂျီကိုအဆင်ပြေစေချင်ပေမယ့် ပါပါးလိုအချေကအရမ်းချေရုံမက ရေခဲတုန်းကြီးဖြစ်နေလေသည်။
ထိုအကြောင်းတွေးမိတော့ ဂျုံးဂုနှုတ်ခမ်းက အလိုလိုပြုံးပြီးသား...
"သား ဘာတွေသဘောကျနေတာလဲ"
"အော်
မဟုတ်ပါဘူး ဒီတိုင်း ဟီး""အွန်းပါ"
"ဟိုလေဒယ်ဒီ"
"ပြောလေသား"
"ဘာမှမဟုတ်တော့ပါဘူး"
*ပါပါးကအာ့လောက်လှပြီး အလိုက်သိတတ်တာဘာလို့ ဒယ်ဒီကကွာရှင်းခဲ့တာလဲ*လို့မေးချင်ပေမယ့် မမေးဖြစ်ခဲ့ပေ။
YOU ARE READING
Cʜᴇᴡɪɴɢ Gᴜɴ -Ⓟ︎Ⓚ︎[KOOᗰOՏ]
Любовные романы𝐏𝐊 မင်းအတွက်ငါကပီကေလိုပဲထင်တယ်... အစပိုင်းအားရပါးရ စားသုံးပြီးမှ အချိုကုန်တဲ့အခါထွေးပစ်တဲ့"ပီကေ"လိုပဲ။ အသိုင်းအဝိုင်းကိုပဲရွေးချယ်ခဲ့တဲ့ မင်းကိုငါမုန်းလိုက်တာ Kim V {KooMos}ကူးမိုစ် 📌KookV📌