Chapter 6

1.2K 65 4
                                    

Zawgyi

'ဝါး သခင်လေး ကြည့်ပါဦး စပျစ်သီးတွေက အခဲလိုက်ကြီး ကောတခါမှစပျစ်ခြံမဝင်ဖူးဘူးရယ် '

'အင်း.....'

ရိပေါ်သူ့ရှေ့ကနေ ခုန်ဆွ ခုန်ဆွသွားကာ တစ်မျိုးပြီးတစ်မျိုးမရိုးရအောင်ပြောပြနေတဲ့ လူကြောင့် မသိလိုက်ခင်မှာပင် ပြုံးမိသွားသည်

'အဟင်း...'

'ဝါး.... သခင်​လေးဒီတစ်ပင်ကြည့်ကြည့် အသီးတွေက မှည့်နေပြီပဲ '

'စားချင်လား '

'ဟင် '

'စပျစ်သီးလေး စားချင်ရင်ခူးစားလို့် ဒါမဲ့ဒီတိုင်းတော့မစားနဲ့ ခူးပြီးဆားရည်နဲ့သန့်စင် ပြီးမှစား '

'တကယ်လား အဆို ကောစားမယ်နော ဟီး.......'

စပျစ်တစ်ခိုင်ကိုခူးဆွတ်ကာ အလုပ်သမားတန်းလျားဘက်ကိုသွားသည်မို့ ဘာလုပ်မို့လဲဆိုပြိး ရိပေါ်အကဲခတ်ကြည့်လိုက်သည်....

'ဟိုလေ အဒေါ် '

'အယ် သားကဘယ်သူလဲ '

'အာ ကျနော် ကသခင်လေးကိုလာစောင့်ရှောက်ပေးရတဲ့ အစောင့်ပါဗျ ဟိုလေ ကျနော့ကိုဆားလေးနည်းနည်းနဲ့ ရေတစ်ခွက်လောက်ပေးပါလား စပျစ်ခိုင်ကိုရေဆေးချင်လို့ပါ '

'ရတာပေါ့ ခနစောင့်နော သား အဒေါ်သွားယူပေးမရ် '

'ဟုတ် '

အဒေါ်ကြီး အိမ်ထဲဝင်ပြီးခနအကြာ ဆားထည့်ထားတဲ့ရေခွက်ကို ရှောင်ကျန့်အားပေးလိုက်သည်....

'ကျေးဇူးတင်ပါတယ် အဒေါ် '

'အို...ရပါတယ် သားရယ် အဒေါ်တို့သခင်လေးကိုသာကျန်းကျန်းမာမာပြန်ဖြစ်အောင်စောင့်ရှောက်ပေးပါနော '

'ဟုတ်ကဲ့ပါ အဒေါ် '

ရှောင်ကျန့်လဲ စပျစ်ခိုင်ကိုရေဆေးပြီးနောက် ရိပေါ်ရပ်နေရာကို ပြန်လာသည်...

'သခင်လေးရော စားကြည့်ပါလား အရမ်းချိုတာ '

သူ့ကိုစပျစ်သီး ခွံ့ ​ပေးနေတဲ့ ရှောင်ကျန့်ကိုရိပေါ်ကြည့်ကာ ပြောလိုက်သည်က....

'ရပါတယ် ကျနော်မစားတော့ပါဘူး '

ရှောင်ကျန့်က ရိပေါ်သူ့လက်ကိုရွံသွားသည်ဟုထင်ပြီး မျက်နှာညိုးသွားကာစိတ်မကောင်းဖြစ်သွားသည်....

သခင်လေး (Master) YizhanWhere stories live. Discover now