Chapter 9

1K 62 4
                                    

Zawgyi

'ဝေ့ ရိပေ၏မင်းမပြီးသေးဘူးလား '

ရှောင်ကျန့်လဲ ဝတ်ထားတဲ့ ဝတ်စုံကိုပြင်ရင်း ဝမ်ရိပေါ်ကို အော်ပြောလိုက်သည် သူ အခုလိုအခြေအနေကို ငြင်းဖို့လုပ်ခဲ့ပေမဲ့ ဝမ်ရိပေါ် ဝမ်သခင်ကြီး နောက်ပြီး အိမ်တော်ထိန်း အားလုံးကသူ့ကို အတင်းတောင်းဆိုးကြသည်မို့ လက်ခံလိုက်ရသည်....

အင်း.... ရိပေါတို့ရဲ့ခြံကပ်ရပ်မှာလည်း ရှင်းရိရင်းပြောင်းလာနေတယ် သူ့တယောက်တည်းနေတာထင်တရ် အမြဲတမ်းတယောက်တည်းပဲတွေ့လို့လေ သူ့ကို ပြီးတော့ ရိပေါ်အပြင်ထွက်ရင်လည်းစက်ဘီးနဲ့အနောက်ကနေလိုက်နေတတ်သေးတရ် ရိပေါ်ကိုဘာကြည့်ကြိုက်တာလဲမသိဘူး .....

'ကျန့်ကော...'

'အင်း ရိပေါ်လာပြီ.....ဝါး......'

နတ်သားမြင်ဖူးကြလား ကျနော်တော့မြင်ဖူးပြီ တက္ကသိုလ် မို့အဝတ်အစားကကိုယ့်ဘာသာစိတ်ကြိုက်ရွေးခွင့်ရှိသည် ဆံပင်ကိုအလယ်အနည်းငယ်ခွဲပြီး ပုံသွင်းထားသည် ဟူဒီအဖြူရောင်လေးနဲ့ ဂျင်း ဘောင်းဘီ အပြဲလေးက လိုက်ဖက်နေသည် မျက်နှာဖူံးချွတ်ထားသည်မို့ နှခေါင်း လုံးလုံးလေး ရယ် ပန်းရောင်နှုတ်ခမ်းဖူးဖူးလေးတွေက လှလွန်းသည် ယောက်ျားလေးဖြစ်နေလို့ ချောသည်ပြောရမလားပဲ ရိပေါ်သာမိန်းကလေးဖြစ်ရင် အသေလှမှာ......

'ကျန့်ကော ရှောင်ကော ကော........'

'ဟင် အင်း...အဟမ်း ပြောလေ ရိပေါ် '

'အဟက် ကျောင်းသွားရမယ်လေ ကျန့်ကောရဲ့ ကျနော့ကိုစိုက်ကြည့်နေလို့ ခေါ်လိုက်တာ ကျနော်အရမ်းချောနေလို့လားဗျ '

'ဟမ် မ မဟုတ်ပါဘူး သွားရအောင်လေ ရိပေါ် '

ရှောင်ကျန့်လဲ ယောက်ျားလေးကိုငမ်းမိလိုက်သည်မို့ မျက်နှာပူပြီး ရှက်ရမ်းရမ်းသွားကာ ပါးစပ်ထဲရှိရာကိုလျှောက်ပြောလိုက်သည် ထိုနောက် အိမ်ပြင်ထွက်သွားလိုက်ကာ ကားပေါ်ထိုင်နေလိုက်သည် ...

ရိပေါ်လည်း သူ့ရှေ့က လုံးလူံးနဲ့ထွက်သွားတဲ့လူကိုကြည့်ပြီး အူယားနေတော့သည် ဟူဒီ အနက်ရောင်လေးနဲ့ ကျန့်ကောကလိုက်ဖက်လှပါတယ်....ရှက်ရမ်းရမ်းသွားရာက လွယ်အိတ်လေးကိုပါမေ့ကျန်ခဲ့ကာ ကားပေါ်မှာ ထိုင်နေတဲ့ ကျန့်ကောကိုကြည့်ပြီး ရိပေါ် ရယ်လိုက်သည်.....

သခင်လေး (Master) YizhanWhere stories live. Discover now