Unicode
"ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ ငါဘယ်ရောက်နေတာလဲ"
("မင်္ဂလာပါ Host ")
"Host???"
("ဒီလောက်ဆိုရင်တော့ Host ဘယ်ရောက်နေတယ်ဆိုတာကိုသိလောက်ပြီထင်ပါတယ်")
"မသိဘူး "
("ဟမ်?")
"ငါဘယ်ရောက်နေတယ်ဆိုတာငါမသိဘူး"
"........."
ငါ့ Host ကနလပိန်းတုံးလား အခြားHostတွေဆိုရင်hostလို့ခေါ်လိုက်ရင်ကို သိတယ်ဆို စီနီယာsystemတွေက ငါ့ကိုဂျင်းထည့်လိုက်တာလား ဒါမှမဟုတ် ငါ့ကိုကကံဆိုးပြီး hostငပိန်းကိုရထားတာလား"ဟိုအရှေ့ကြောင်ငါခေါ်တာမကြားဘူးလား"
("ဗျာhostဘာပြောမလို့လဲ")
"ငါမင်းကို ခေါ်နေတာကြာလှနေပြီကို မကြားဘူးဆိုတော့ မင်းနားကလေးနေတာလား"
("ဗျာ?")
"တစ်ဗျာတည်းဗျာနေတာအူကြောင်ကြောင်နဲ့"
အမယ်သူခိုးက လူပြန်ဟစ်လို့သူများကိုများ အူကြောင်ကြောင်နဲ့တဲ့ ဟွန့် သူပိန်းတာကျတော့ထည့်မပြောဘူး ငလူးမhost
"ဝေ့ ကြောင်စုတ် ငါ့ကိုဘာမှမရှင်းပြတော့ဘူးလား"
ဘာရှင်းပြရမှာတုန်းhostလို့ခေါ်လိုက်တာနဲ့သိပြီဆိုလို့ ငါဘာတစ်လုံးမှမကျက်ထားဘူးဟ
("အဲ အဲ့တာကလေဟို ဟို")
"ပြောမှာဖြင့်မပြောဘူး"
("ဟိုလေအဲ့တာကကျွန်တော်လည်းမသိပါဘူး")
"ဘာ!!!မင်းကငါ့ကိုဒီနေရာကိုလည်းခေါ်လာတာလေ မင်းကပါမသိဘူးဆိုတော့ငါကဘာလုပ်ရတော့မှာလဲ!!"
("အီးးးအီးးးးဟိီးးhostကလည်းကျွန်တော်လည်းဘယ်သိမှာလညး စီနီယာတွေပြောတာက hostလို့ခေါ်လိုက်ရင် hostတိုင်းကသိတယ် ရှင်းပြစရာမလိုဘူးဆိုလို့ မကျက်ထားတယ့်ဟာကို hostကလာအော်နေတယ်အီးးးဟီးးးအီးးးး")
" ဟိတ် ဟိတ် မငိုနဲ့လေ မင်းလုပ်နေတဲ့ပုံက မသိရင်ငါကပဲမင်းကို မဒိန်းတက်ကျင့်သွားသလိုဘဲ"
("ဗြဲ!!!!!hostကလဲ ဟင့် ချော့
မယ်မရှိဘူး ဟင့် ဘာတွေပြောနေမှန်းလည်းမိဘူး ဟင့် ")
YOU ARE READING
Kill One Of The Leading Roles [{(System)}]
Randomဒါလေးကပေါ့ပေါ့ပါးပါးလေးပဲသွားမှာပါ အရေးအသားမကောင်းရင်တောင်းပန်ပါတယ်ဗျ Myanmar System Fiction *Not Translation* *Own Creation*