Part 1.7(End)

997 103 1
                                    

Unicode

ခွန်းစစ်ပြန်နိုးလာတဲ့အချိန်မှာတော့သူဟာကားတစ်စီးပေါ်မှာရောက်နေပြီး သူရဲ့ခြေလက်တို့ဟာ ကြိုးဖြင့်စည်းနှောင်ခြင်းခံထားရလေသည် ပါးစပ်ကိုလည်းပိတ်စဖြင့်ပိတ်ထားကာ လူနှစ်ယောက်သည် သူ၏ဘေးတစ်ဖက်တစ်ချက်စီတွင်နေရာယူထားကြ၏ ကားမှန်မှတစ်ဆင့် အပြင်ကိုကြည့်လိုက်ရာတွင် တောတောင်ကျေးရွာဘက်ဟုထင်ရသောနေရာသို့ရောက်နေလေတယ် လမ်းခရီးဟာခက်ခဲကမ်းတမ်းလွမ်းတယ် ရုတ်တရက် ကားဟာဘာဖြစ်မှန်းမသိ ဘရိတ်အုပ်မရတော့ဘဲ နီးစပ်ရာသစ်ပင်တစ်ပင်ကိုပြင်ထန်သောအရှိန်ဖြင့်သွား၍တိုက်မိလေသည် အရှိန်ပြင်းတာကြောင့် ကားခေါင်းပိုင်းတစ်ခုလုံးကျေမွသွားလေသည် ထို့အချိန်တွင် လူအချို့ရဲ့အသံကိုကြားလိုက်ရလေသည်

"ဒီမှာဘာတွေဖြစ်နေတာလဲ"

" car accidentဖြစ်တာလားမသိဘူး"

"အထဲကလူတွေအသက်ရှိသေးရဲ့လား"

စသဖြင့်တစ်ယောက်တစ်ပေါက်အသံတွေကြားမှကြားလိုက်ရသည့်ရင်းနှီးသောအသံတစ်ခု

"ကားထဲမှာရှိနေတဲ့လူတွေကိုမြန်မြန်ထုတ် ကားကဆီယိုနေပြီ မကြာခင်ပေါက်ကွဲတော့မှာမြန်မြန်"

အဲ့ဒီအသံကိုကြားပြီးနောက် မပြီးဆုံးနိုင်စွာဘဲ နောက်တစ်ကြိမ်ထပ်မံ၍သတိလစ်သွားပါတော့တယ်

(A/N- ခနခနသတိမေ့နေရတယ့်ခွန်းစစ်ကိုတောင်သနားလာပြီ)
......................

ဟိန်းမာန်သည် သူရိန်ကိုမေး၍ ခွန်းစစ်ရှိရာနေရာကိုသွားလိုက်တယ် အဲ့ဒီကိုရောက်တော့မြင်လိုက်ရသည်ကမသက်မသာဖြစ်စေတယ် စက်ပစ္စည်းပေါင်းများစွာကိုသုံးကာ အသက်ကိုသေမင်းလက်မှဆွဲကယ်ထားရသည်

ဟိန်းမာန် ခွန်းစစ်အနားသိုသွားလိုက်ကာ လူနာရှင်ထိုင်ရန်ထားပေးထားသည့် ခုံပေါ်၌ထိုင်ပြီး ချစ်ရသူ၏လက်ကလေးအား ကိုင်လိုက်သည့်ပုံမှာ ကြမ်းကြမ်းတမ်းတမ်းကိုင်လိုက်ပါက လွင့်ကြွေသွားမှာကိုစိုးရွံ့​သည့်အလား

Kill One Of The Leading Roles [{(System)}]Where stories live. Discover now