Part 1.2

1.5K 117 1
                                    

Unicode

ကျောင်းထဲဝင်ပြီးနောက် ခွန်းစစ် စာသင်​ပေးရမည့်အတန်းကို သွားလိုက်တယ် အခန်းထဲရောက်တော့ကလေးတွေက သူအားထ၍ နှုတ်ဆက်ကြသည်

"မဂ်လာပါ ဆရာရှင့်/ခင်ဗျ

"မဂ်လာပါ သားတို့သမီးတို့ ထိုင်ကြတော့ထိုင်ကြတော့"

"ကျေးဇူးတင်ပါတယ် ဆရာရှင့်/ခင်ဗျ"

ခွန်းစစ်သူ့အားနှုတ်ဆက်သည့် ကလေးများအား ပြုံး၍ပြန်နှုတ်ဆက်လိုက်ပြီး ထိုင်ခိုင်းလိုက်သည် အဖြူအစိမ်းကျောင်းဝတ်စုံလေးကိုဝတ်ကာထ၍ နှုတ်ဆက်သောကလေးများ၏ ပုံရိပ်မှာအလွန်ပင် ကျက်သရေရှိလှပြီး မြင်သူတကာ ကြည်နူးမိမည်မှာမလွဲပင်

Systemမှာသင်ခဲ့တဲ့teaching skillကိုသုံးပြီး ကလေးတွေကိုစာစသင်တော့သည် ကလေးတိုင်းကလည်း ဂရုစိုက်ကာလိုက်၍ နားထောင်ကြသည် ဒီလိုနှင့်အချိန်တစ်ပတ်မျှကြာမြင့်ခဲ့သည်

("Host! Host! mission လုပ်ဖို့စိတ်ကူးမရှိဘူးလား")

"ငါကဘာလုပ်ရမှာလည်း"

("ဂါးးးးးးhostဇာတ်လိုက်မကိုဘာလို့မဖြုတ်ချတာလည်း!!လုပ်လို့ရနေတာကို!!")

"Rainရယ်မင်းကိုတုံးတယ်လို့ပြောရင်လည်း ဘဝင်က မြင့်အုံးမယ်"

("Hostလူကိုများ မှားလို့ systemကိုများ တုံးတယ်လေးဘာလေးနဲ့ အဲ့ဒါဆိုလဲ ပြောပါအုံး host mission မလုပ်ရတဲ့ကြောင်းအရင်းလေးကို")

"ဇာတ်လိုက်မကိုမချစ်မိစေရန်ဆိုတဲ့ mission ကလမ်းခွဲမှပြီးမှာမဟုတ်လား မူလကိုယ်ကဇာတ်လိုက်မကို အရမ်းချစ်မှန်းတစ်ရွာလုံးသိတယ် အကြောင်းပြချက်မရှိဘဲလမ်းခွဲရင် ငါကမကောင်းတဲ့လူကြီးဖြစ်သွားမှာပေါ့ ဒုတိယ mission ဖြစ်တဲ့ဇာတ်လိုက်မ၏သရုပ်မှန်ကို လူအများအားသိစေရန်ဆိုတာက​ ငါထင်တာမမှားရင်သူပြောတဲ့ထဲမှာ ဇာတ်လိုက်လည်းပါတယ် တတိယ mission ဖြစ်တဲ့ ကျောင်းဆရာကောင်းဖြစ်လာစေရန်ဆိုတာကကြတော့ ငါအခုလုပ်နေတယ်လေ နောက်ဆုံး mission ကကြတော့တကယ်ချစ်ရတဲ့သူကိုမှ မတွေ့သေးတာ ဟွန့်ငါပြောတာမှားလို့လား"

Kill One Of The Leading Roles [{(System)}]Where stories live. Discover now