အပိုင်း၄။ တကယ်က စိတ်ဝင်စားစရာ..

180 38 0
                                    


ဟာရူတိုသည် ဂျောင်ဝူးနဲ့ပြဿနာဖြစ်ပြီးစိတ်လဲမကြည်တာမို့အတန်းပိုင်ဆရာမအားခွင့်တောင်ကာတိုက်ခန်းသို့သာပြန်ခဲ့သည်။ ကျောင်းသားသစ်ဖြစ်သည်မလို့လားတော့မသိ အတန်းပိုင်ဆရာမကသူ့ကိုအလွယ်တကူခွင့်ပေးလိုက်သောကြောင့်ဟာရူတိုပင်အံ့သြသွားရသည်။
”(ကြည့်ရတာငါကမရှိလဲဖြစ်တဲ့သူထင်ပါတယ်”)

ဟာရူတိုသူ့ဟာသူတွေးနေရင်းဝမ်းနည်းသလိုတော့ဖြစ်လာသည်။ဟုတ်သည်လေ မိမိ၏ဖခင်ကိုယ်တိုင်ကပင် အပြစ်ပေးသည်ဟုဆိုကာမွေးရပ်မြေနှင့်မိုင်ချီဝေးသောရေခြားမြေခြားကိုပို့သည်။
အဖော်ဟုဆိုသောYoshiကိုယ်တိုင်မှာလဲကောလိပ်ကျောင်းသားဖြစ်သည့်အလျောက်သူ့ဟာသူပင်မအား...
တဦးတည်းသောသူငယ်ချင်းAsahiနဲ့ကလဲ မကြာခဏဖုန်းပြောဖြစ်သည့်တိုင် နိုင်ငံမတူတာမို့အရင်ကလိုတော့မနီးကပ်နေနိုင်..
ဒီကြားထဲကျောင်းမှာကလဲအသားလွတ်!...
”(ဟူး.....ပင်ပန်းတယ်)”

ဟာရူတိုလည်းအတွေးပေါင်းစုံဖြင့်အိမ်ပြန်လာကာ
အိမ်ရောက်ရောက်ခြင်းစိတ်နဲ့လူနဲ့မကပ်ပဲ ရေတန်းချိုးမိသဖြင့် အပူကရှပ်သွားသေးသည်။ထိုကြောင့်ဆေးသောက်ပြီး
အိပ်လိုက်သည်မှာ နောက်နေ့မနက်ကျောင်းတက်ချိန်ထိမနိုးသဖြင့် ကျောင်းပါပျက်လိုက်ရလေသည်။

====================================

ပတ်ဂျောင်ဝူးသည် ဒီနေ့ကျောင်းသွားရတာစိတ်မပါ
သောကြာနေ့မို့လို့သာ သည်းခံသွားရမည်ဖြစ်သည်
စံပြကျောင်းသားဖြစ်ရတာတခါတလေတော့ပင်ပန်းသည်ဟုထင်မိလာသည်။
ကျောင်းရောက်တော့လဲ junghwan က ကန်တင်းထိုင်ဖို့ခေါ်တာတောင်သူမထိုင်ဖြစ်ပဲ အတန်းကိုသာတိုက်ရိုက်သွားမိသည်။
သူ့မသိစိတ်မှာလဲနဲနဲတော့လှုပ်ရှားနေသည်ကိုဝန်ခံရမည်
မနေ့ကသူရင်တွေခုန်ပြီးပူထူသွားကာ ဟာရူတိုအားဘုကလန့်တွေပြောခဲ့သည်။ပြန်တွေးရုံနဲ့တင် ရုပ်ပေါက်သည်ဟုလဲခံစားရသည်။...

*Flashback to yesterday*

Jeongwoo's POV..

အဝတ်အစားလဲနေရင်းနဲ့အဖွဲ့ဝင်သစ်တွေကိုဘယ်လိုလေ့ကျင့်ရမလဲဘယ်လိုဆက်ဆံရမလဲဆိုတာကိုသာတွေးနေမိသည်။ မိမိသည် ယခုနှစ်မှခေါင်းဆောင်ဖြစ်သည်မို့ ခေါင်းဆောင်မှုအပိုင်းကိုရေရေရာရာမသိသည့်အတွက်လဲစိုးရိမ်စိတ်ကများနေသည်။
အထူးသဖြင့်မိမိကို ​လှောင်ပြောင်မှာမျိုးကိုအ​ကြောက်ဆုံးပင်။သို့သော်လည်းထိုအတွေးများကိုဖြတ်ကာ အဝတ်စားလဲခြင်းကိုအပြီးဖြတ်ရသည်။
ထို့နောက် အဖွဲ့ဝင်သစ်များစုဝေးနေသောနေရာကိုသွားအမြန်သွားသည်။ လူအုပ်၏အရှေ့တွင်ရပ်ကာ အဖွဲ့သစ်များကို တချက်အကဲခတ်ရာ သူမြင်လိုက်ရသည်မှာ...

 First and ForeverWhere stories live. Discover now