အပိုင်း ၉။ ကတိစကား

217 25 5
                                    

ဒဏ်ရာများအား ဆေးထည့်ပြီးချိန်တွင်တော့ ဆရာမကအိမ်ပြန်နားခိုင်းသည်မို့ ဂျောင်ဝူးတို့သုံးယောက်သားလဲလွယ်အိတ်ကိုယ်စီလွယ်ကာကျောင်းအပြင်သို့ထွက်လာတော့သည်။ ကျန်နှစ်ယောက်နဲ့မတူသည်မှာဂျောင်ဝူး၏ မျက်နှာသည် လငပုပ်ဖမ်းထားသလိုမျိုး မဲမှောင်နေသည်။

”ဂျောင်ဝူးရာ မင်းလဲလဒတွေနဲ့များအမျိုးတော်နေသလား
လဒမှိုင် မှိုင်နေပြန်ပြီ” ဂျောင်ဟွမ်းကအရွှန်းဖောက်သည်။

ဂျောင်ဝူးကတော့အရင်လိုပတ်ခနဲပင်ရန်မတွေ့နိုင်..မျက်စောင်းတချက်သာပစ်ထိုးပြီးအရှေ့ကိုခပ်မြန်မြန်လျှောက်နေသည်။ဟာရူတိုလဲ အနောက်ကနေလိုက်ကာ ချော့မေးရတော့သည်။ထိုအခါမှသာ ငဂျစ်က အိမ်ကဆူရင်ဘယ်လိုရှင်းပြရမှန်းမသိလို့ဟုဖြေသည်။ဟာရူတိုမှာ စိတ်မကောင်းဖြစ်သွားရသည်။သူနဲ့ပေါင်းပြီးမှဂျောင်ဝူးကဒီလိုတွေဖြစ်ကုန်တာမလား...

”တောင်းပန်ပါတယ် ငါ့ကြောင့်နဲ့....”

”အာညီး အာညီး အဲ့လိုမဟုတ်ပါဘူး ရူတိုကလဲ
အဲ့လိုမတွေးရဘူး”

”ဒါပေမဲ့လဲငါနဲ့ပေါင်းပြီးမှမင်းဒီလိုတွေဖြစ်ကုန်တာလေ
ပြီးတော့ မင်းအဖေနဲ့အမေကိုလဲငါအားနာတယ်
အကိုကြီးကိုရောပဲ သူတို့ငါ့ကိုသဘောကျတော့မှာမဟုတ်ဘူး”
အခြေအနေတွေကပြောင်းပြန်ဖြစ်သွားပေသည်။
ခုနကဂျောင်ဝူးမှိုင်နေလို့ဟာရူတိုကလိုက်ချော့နေခြင်းပင်
ယခုတော့မှိုင်နေသူကဟာရူတိုဖြစ်ကာဂျောင်ဝူးထက်တောင်အခြေအနေဆိုးနေသည်မို့ ဂျောင်ဝူးတို့ခေါင်းခဲရတော့သည်။ပတ်ဝန်းကျင်ကိုရှာကြည့်တော့လဲ ဆိုဂျောင်ဟွမ်းဆိုသော ကျေးဇူးရှင်က ဘယ်ချိန်ထဲကလစ်သွားမှန်းမသိ ဂျောင်ဝူးလဲဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေချိန်
ခေါင်းထဲတွင်အကြံကောင်းမဟုတ်သောအကြံတခုကပေါ်လာသည် မျက်နှာပူစရာကောင်းလောက်သည့်တိုင်
အဓိက ကဟာရူတို့ကိိုဒီစိတ်အခြေအနေမှာပြောင်းပေးရမည်။

ထိုသို့သောအတွေးများနှင့်ဂျောင်ဝူးသည် ဟာရူတို့ပါးနှစ်ဖက်အား လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ မျက်နှာကိုမော့စေသည်။ပြီးနောက်တွင်တော့........

 First and ForeverWhere stories live. Discover now