နွေရာသီရဲ့ပွဲတော်လဖြစ်တဲ့ တန်ခူးလရဲ့ သက်ြန်အကြိုနေ့ညနေခင်းတွင်
"မပက်ပါနဲ့ကွာ အကိုအရေးကြီးကိစ္စသွားစရာရှိလို့ပါနော် အကျီတွေကရေစိုလို့မရလို့ပါ"
"ဘယ်လိုဖြစ်ဖြစ် သက်ြန်တွင်းဘဲဟာ ပက်ရမာပေါ့ ဗြန်းးး ဗွမ်းးး ကလေးတွေပက်ကြဟေ့ ဗွမ်းးး"
သက်ြန်ကိုကိုတစ်ယောက် လမ်းမာရေပက်တဲ့ကလေးတွေနဲ့မဏ္ဍပ်တိုင်းကို ရှောင်လို့ရခဲ့ပေမဲ့ ဒီကလေးတစ်သိုက်နဲ့တွေ့မှ ရေအပက်ခံလိုက်ရတော့သည်။
"ဟာမင်းတို့ကလည်း မပက်ပါနဲ့လို့တောင်းပန်နေတာကို ပက်ဖြစ်အောင်ပက်လိုက်ကြသေးတယ်"
"ပက်ရမာပေါ့ အဲ့လိုပြောတိုင်းသာမပက်ဘဲနေရင် လူတိုင်းကိုမပက်ဘဲလွှတ်ပေးနေရမာပေါ့ဗျ"
ကောင်လေးကစွာလိုက်တာ ကိုယ့်ကိုတောင်ပြန်ရန်ထောင်နေပါလား။
လေသံလျှော့ပြောမှရမယ် မဟုတ်ရင်ကိုယ့်ကိုတောင်ဆွဲလုပ်မဲ့ပုံပေါက်တယ် အမယ်လေးလေး။
"အကိုကတကယ်အရေးကြီးကိစ္စသွားစရာရှိတာပါကွအတည်ပြောနေတာ အခုတော့အဝတ်အစားတွေစိုကုန်ပြီ ကဲ အေးရော"
"အဲ့လိုသွားစရာရှ်ိတယ်ဆိုရင်လဲ အဝတ်အစားလေးအပိုထည့်လာပြီး ဟိုရောက်မှလဲပေါ့ ဘယ်နှယ့် သကြန်တွင်းကြီးမာလဲ အပြင်ထွက်သေးတယ် ရေစိုကျလဲမခံချင်ဘူးဆိုတော့ တကယ့်လူဘဲ"
သက်ြန်တွင်းကြီးမှာ အပြင်ထွက်နေပြီးရေပက်ခံရလို့မျက်နှာကြီးစူပုပ်ပြီး ကိုယ့်ကိုအပြစ်တင်ပြီးပြောနေတဲ့လူကြီးကိုတန်ခူးစိတ်တိုပါသည်။
"ဒီနေ့ကတော်တော်အရေးကြီးတဲ့ကိစ္စရှိလို့ ရေစိုမခံတာပါကွ ငါရေပက်တဲ့နေရာတိုင်းကို ဒီလိုပြောပြီးလွတ်လာတာမင်းတို့နဲ့တွေ့မှဘဲ အပက်ခံရတော့တာဘဲ "
"နေပါဦး ခင်ဗျားကြီးကညနေခင်းကြီးကိုအရေးကြီးသွားစရာရှိတယ်ဆိုတော့ ဘာလဲရည်းစားနဲ့ချိန်းတွေ့မလို့လား"
ဟောဗျာ ကိုယ်ကကျောင်းကိုအရေးကြီးစာရွက်စာတမ်းတွေသွားပေးမလို့လုပ်နေတာ ဒီကောင်လေးပြောလိုက်မှဘဲ ရည်းစားနဲ့ချိန်းတွေ့တာဖြစ်တော့တယ် တကယ်မလွယ်ပါလား။