Unicode

73 14 13
                                    

မာန်...ကျွန့်တော့်ဘဝထဲ တခါးမခေါက်ပါပဲ ဝင်ရောက်လာခဲ့တဲ့ တစ်ဦးတည်းသော လူသားလေး... ချစ်ရသည်ထက်ပို၍ မြတ်နိုးရပါ၏...။

တွေ့ဆုံမှုဟာ ရိုးရှင်းခဲ့ပေမယ့် ငါ့တို့နှစ်ယောက်ကြားထဲက အဖြစ်အပျက်တွေက
ရှိးရှင်းစွာနဲ့ပဲရှုပ်ထွေးခဲ့ရတယ်...မင်းငါ့ဆီ ပြန်လာမယ်မလား ရဲမာန်...

~~~~~~~

ယနေ့သည် မဟာသင်္ကြန်အကြိုနေ့ဖြစ်သည်။

ကျွန်တော်တို့ရပ်ကွက်တွင်းရှိသူသူငါငါကလေးများအတွက် ရေးကစားရန်အုန်းလတ်နှင့်အလှဆင်ထားသည့် ရေကစားမဏ္ဍပ်အသေးလေးများဝယ်..နေမမြင့်ခင်တည်းက ရေကစားသူကလေးငယ်များရှိနေကြသည်။ကျွန်တော်ကတော့ စတုတ္ထတန်းဖြေဆိုထားသောကျောင်းသားတစ်ဦးသာ..ယနေ့ကျွန်တော့်၏တစ်ဦးတည်းသောမိခင်ဒေါ်မြခင်နှင့်အတူ ရန်ဘုန်းကြီးကျောင်းသို့လိုက်သွားမည်ဖြစ်သည်။

ဥပုပ်စောင့်ချင်တာထက် ကျောင်းတွင်အဟာရဒါနပြုတဲ့ကြာဇံဟင်းခါး စားချင်တာလဲပါမည်ပင်။ဒယ်ကြီးချက်ဆိုရင် ကျွန်တော်အလွန်မက်မောသည်လေ..ဘာလို့လဲဆိုတော့ ဆိုင်မှာဝယ်စားတာတွေနဲ့တော့ ဘယ်ယှဥ်လို့ရမည်လဲ။
အင်း..ဒီတစ်ရက်ပါပဲ နောက်ရက်တွေကျရင်တော့ တစ်ခြားကလေးများကဲ့သို့ စိတ်ကြိုက်ကဲ စိတ်ကြိုက်ရေကစားပြစ်မည်ဟုတေးထားမိသည်။

ရပ်ကွက်ရဲ့လမ်းသွယ်ကနေ ယောဂီပုဆိုး၊
စတစ်လက်ရှည်အဖြူဝတ်ဆင်ထားသော ကျွန်တော်နဲ့ လှူရန်ပစ္စည်းများကိုင်ဆောင်ထားသောအမေနှင့် နှစ်ယောက်သား ထွက်လာခဲ့တယ်။

"ရှေ့မှာလူလာပီ "

"ဟေ့!ဘုန်းကြီးကျောင်းသွားမယ့်သူကို ရေမပက်ကြနဲ့ကွ ငရဲကြီးတတ်တယ်"

ပြောမှသိမှာမို့ ကျွန်တော် ဆီးပြီးအော်လိုက်သည်။အတော်ငယ်တဲ့အရွယ်လေးတွေများတာမို့နားလည်အောင်ရှင်းရှင်းပြောလိုက်သည်။​ရေခွက်ကိုယ်စီနဲ့အုံလိုက်ခဲလိုက်ပြေးလာသော ကလေးများလမ်းတစ်ဝက်တွင်နောက်ပြန်လှည့်သွားတာမြင်တော့ အနည်းငယ်တော့ ရယ်ချင်မိသား။ပြောသမျှလဲယုံကြတာပဲဟုတွေးမိသေးသည်။ထိုစဥ်ကျွန်တော့်ခေါင်းထက်မှ ရေပုံးလိုက်လောင်းချခံလိုက်ရတော့သည်။

ငယ်ချစ်ဦးWhere stories live. Discover now