BGM : Very, Slowly by BiBi ☁️
<25 21 OST Part 3 >အီသန်နှင့်ဘန်ဂျမင်တို့ချစ်သူဖြစ်ခဲ့သည်မှာယနေ့ဆိုလျှင် ရက် ၁၀၀ ပြည့်သို့ပင်ရောက်ရှိလာပြီဖြစ်သည်။ချစ်သူရလျှင်ပင်လယ်ကမ်းခြေသို့တူတူသွားချင်သည်မှာ အလယ်တန်းအရွယ်ထဲကရှိခဲ့သော အီသန်၏ စိတ်ကူးအိပ်မက်ပင်ဖြစ်သည်။
ထို့ကြောင့်ပင် ရက် ၁၀၀ ပြည့်သည့်ယနေ့တွင်မနက်စောစောထကာ ပြင်ဆင်နေရခြင်းဖြစ်သည်။" ကဲ အကုန်ပြီးပြီဆိုတော့ သွားဖို့ပဲလိုတယ် "
ပုံမှန်နေ့များထက်ပင်ပြုံးပျော်နေသောပုံစံနှင့်အပေါ်ထပ်မှဆင်းလာသောအီသန်က မိမိအား ထူးဆန်းစွာကြည့်နေသော ထမင်းစားခန်းမှမိခင်ဖြစ်သူကိုသတိမထားခဲ့ချေ ။
အီသန့်ကားလေး ဘန်ဂျမင်အိမ်ရှေ့သို့ရောက်တော့မနက် 7:50 မိနစ် ။ ချိန်းထားသည့်အချိန်ထက် 10မိနစ်စောနေသည်မို့ ဟွန်း မတီးတော့ပဲ ခဏမှေး၍သာစောင့်နေလိုက်တော့သည် ။
ခဏအကြာတော့ကားမှန်ကိုလာခေါက်သံကြောင့်အီသန် ခဏမှေးနေရာမှနိုးလာခဲ့သည်။ တံခါးလော့ချထားတာကိုဖွင့်ပေးလိုက်တော့ ပြုံးကာ ဝင်ထိုင်လိုက်တဲ့ ချစ်သူလေး ။
" အီသန် စောင့်ရတာကြာသွားလား "
" မကြာပါဘူး ကိုယ်ကစောရောက်နေတာ "
" တော်ပါသေးရဲ့ ဟီး "
" ကိုယ်မှာလိုက်တဲ့ အဝတ်ပိုတစုံရောပါလား ဘန် "
" ပါပါတယ် အီသန်ရဲ့ ၊ ဒါနဲ့ဘယ်ကိုသွားကျမှာလဲဟင် "
"ရောက်ရင်သိရမှာပေါ့ ဘေဘီရဲ့ ၊ သွားရမှာက
လေးနာရီလောက်ကြာမှာဆိုတော့ လမ်းမှာအိပ်ပြီးသာလိုက်ခဲ့ပေါ့ ၊ ရောက်ရင် ပျော်သွားစေရမယ် ကိုယ့်ကိုယုံပြီးသာလိုက်ခဲ့ "" ဟုတ်ကဲ့ပါဗျာ "
တရွေ့ရွေ့မောင်းလာတဲ့ကားလေးရဲ့ဦးတည်ရာကဘူဆန်က ကမ်းခြေလေးတခုဆီသို့ ~
YOU ARE READING
Till the Daffodils Bloom
FanfictionHeeseung x Sunghoon (Mildangz) Written in Burmese (Unicode) Start : 14/2/2022 End : Revolution scenes are based on true story and others are just my imagination 💭