442 76 9
                                    


" နောက်ဘဝတွေမှာရော ကျွန်တော်တို့ ထပ်ဆုံဖြစ်မယ်ထင်လား ကိုကို "

" အင်း ဆုံဖြစ်အုန်းမယ်ထင်တာပဲ "

" နောက်ဘဝမှာလဲ ကိုကိုက ကျွန်တော့်ကိုပဲချစ်ရမှာနော် "

" ဟားဟား ဟုတ်ပါပြီကွာ ၊ ကိုကို့မျက်စိထဲမင်းကိုပဲမြင်တာဟုတ်ပြီလား "

" ဒါပေမဲ့ နောက်ဘဝမှာ ကျွန်တော်တို့နှစ်ယောက်လုံးအချင်းချင်းလုံးဝမမှတ်မိရင်ရော "

" ကိုယ်ကတော့အဲ့လိုမထင်ပါဘူး ဦးနှောက်ကမမှတ်မိရင်တောင်နှလုံးသားကမှတ်မိနေလိမ့်မယ် "

ကြွေကျနေတဲ့ချယ်ရီပန်းတွေကိုကောက်နေတဲ့ကောင်လေးနှစ်ယောက်ရဲ့မျက်နှာထက်ကအပြုံးလှလှလေးတွေကြောင့်ချယ်ရီပန်းတွေကတောင်မှိန်သွားရပြန်သည် ။






တီ   တီ  တီ

မြည်လာတဲ့နိုးစက်သံနှင့်အတူထထိုင်မိရင်းပူပူနွေးနွေးမက်ခဲ့သောအိပ်မက်ကိုပြန်တွေးမိသည်။ အရင်ကလိုအသံများကြားရခြင်းမဟုတ်ပဲလူနှစ်ယောက်ပါပါလာခဲ့သည်၊ မျက်နှာတော့သေချာမမြင်ခဲ့ရပေ။ အိပ်မက်ထဲကပုံစံအရဆိုချစ်သူတွေဖြစ်မည်ဟုသာကောက်ချက်ချရင်းမျက်နှာသစ်ရန်ရေချိုးခန်းထဲလျှောက်ခဲ့လိုက်တော့သည် ။

" နေပါအုန်း ၊ ငါ့အိပ်မက်ထဲ ဘာကိစ္စ လာကြည်နူးနေကျတာတုန်း "

သွားတိုက်နေရင်းမှ ရေရွတ်မိတော့သည် ။

"နေပါအုန်း ဘာတဲ့ နောက်ဘဝကျရင်လဲချစ်ရမယ် ဆိုလား Oh !! Cringeeeeee အမလေး တော်ပြီ ၊ ခရီးသွားရမဲ့နေ့မှာ မဟုတ်တာတွေမတွေးတော့ဘူး "

" ပထမဆုံး မေမေတို့မပါပဲ နိုင်ငံခြားခရီးထွက်ရတော့မှာဆိုတော့ စိတ်ကို မဟုတ်တာပဲမတွေးပဲနေရအောင် Hwaiting "



-Till the Daffodils Bloom



" လီအီသန် မနေ့က တညလုံးဘယ်ရောက်နေလဲ ဒီကိုလာထိုင်ပါအုန်း "

ဘူဆန်မှပြန်အလာ အိမ်သို့ဝင်ဝင်ချင်းဧည့်ခန်းတွင်ထိုင်နေတဲ့ဖေဖေကဆီးကြိုကာမေးသောကြောင့် အီသန့်မှာသူခိုးလူမိသွားသလိုပင်။

Till the Daffodils BloomWhere stories live. Discover now