1990 •
နုတ်ခမ်းရဲရဲက သူမရဲ့ဝင်းဝါနေတဲ့အသားအရည်ကို ပိုမိုပေါ်လွင်စေသည်။ဆံပင်နီညိုရောင်တွေထက်မှာ
နှင်းဆီအဖြူတွေကို ပန်ထားသေးတာမို့ သူ့အလှက မိန်းမချင်းတောင် ငေးယူရသည်အထိ.သူမကတော့အခြားသူမဟုတ် ပြင်သစ်နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တက်သစ်စသရုပ်ဆောင် Uri Santos ပင်။
ဂျွန်ဂျောင်ကု ကားပေါ်ကဆင်းလာသောသူမကို တွေ့တော့
ပြုံးပြကာနှုတ်ဆက်လိုက်သည်။" Good morning ပါဗျ "
သူမက ဂျွန်ဂျောင်ကုကို လှပတဲ့အပြုံးလေးနဲ့ပြန်လည်တုံ့ပြန်လာကာ
" Morning ပါဂျွန် ဘယ်လိုလဲစိတ်လှုပ်ရှားနေလား အတွေ့အကြုံမရှိသေးဖူးဆိုတော့ ဝေဖန်မှုက အနည်းနဲ့အများ တော့ ကြုံရမှာပဲ .ဘာပဲဖြစ်ဖြစ် ဂျောင်ကုက နေရာတိုင်းမှာထက်မြက်မယ်ဆိုတာ Uri သတိထားမိပါတယ် "
Uri က ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့အမျိုးသမီးမို့ သိတာမကြာသေးပေမယ့် အမြဲဖော်ဖော်ရွေရွေဆက်ဆံတာကြောင့် စိတ်ပေါ့ပါးရသည်။
သူမနဲ့စကားပြောပီးတော့ သွားလေရာပါတဲ့ ဉီးထုပ်အပြာလေးရယ် လွယ်အိတ်ညို ရယ်ယူကာ သင်တန်းသို့ ထွက်ခဲ့သည်။
Romance နဲ့ Action ဇာတ်လမ်းတစ်ပုဒ် ဆိုတော့သူ့အနေနဲ့ အတွေ့အကြုံနဝင့်ပညာလည်းနည်းသေးတာမို့
၂လလောက် သင်တန်းတက်ရသည်။
သရုပ်ဆောင်ပိုင်းဆိုင်ရာစာအုပ်အထူတွေ စာကြည့်တိုက်ကနေ လေ့လာရသည်။ကော်ဖီ ပူတစ်ခွက်ကို မှုတ်သောက်ကာ စာဖတ် နေရင်း သူ့အတွေးစိုင်ထဲဘာမဆိုင်ညာမဆိုင်
ခုနက မင်ယွန်းဂီရဲ့ပုံရိပ်တွေ မျက်လုံးထဲ အလိုလို ပေါ်လာမိသည်..။
စတွေ့တွေ့ချင်းကတည်းက သူ့စိတ်ထဲ
ထိုလူသားလေးသည်ထူးဆန်းနေသည်။
ဒါပေမယ့် သူနှင့်အကျွမ်းတဝင်နေချင်စိတ်တွေက
တဖွားဖွား..
မင့်ကိုစတွေ့တဲ့နေ့တည်းက သတိထားမိခဲ့တဲ့ မျက်စံညိုညိုတွေရယ် ဆံနွယ်ညိုတွေရယ်က ဂျွန့်အားမသိစိတ်အစုန်တွင်
စိုးမိုးနေခဲ့သောကြောင့်ဖြစ်ပေလိမ့်မည်။၁လ ခန့်အကြာ
" ဂျီယောင်း စာတွေလုပ်နေတာလား "
YOU ARE READING
𝗝𝗲𝗼𝗻'𝘀 𝗟𝗶𝘁𝘁𝗹𝗲 𝗠𝗶𝗻 [ rewrite ]
Fanfiction- 𝗐𝗋𝗂𝗍𝗍𝖾𝗇 𝗂𝗇 𝖡𝗎𝗋𝗆𝖾𝗌𝖾 - : 𝖸𝗄 𝖿𝖺𝗇𝖿𝗂𝖼𝗍𝗂𝗈𝗇 ⚙️ - 에서 시작 파리 🥨🌧️