Pt 7

273 59 26
                                    

သူ့ရှေ့ က ခပ်ချောချော
လူတစ်ယောက်က ထိုင်ခုံလေးပေါ်မှာ အကျအနထိုင်ကာ သူ့ကို
ကြည့်ရင်း ပန်းချီဆွဲပေးနေဟန်

" မင်းက သိပ်လှတာပဲ အဲ့ဒီမျက်ဆံနက်တွေ နုတ်ခမ်းပါးတွေ ဆံနွယ်တွေ
နောက်ပီးး မင်းရဲ့တစ်ကိုယ်လုံး "

ထို့လူ့စကားကြောင့် ယွန်းဂီရဲ့မျက်နှာဟာ ခနပူ သွားပီးသွေးရောင်လွှမ်းသွားရသည်။

" ..ကျေးဇူးပါ "

နုလုံးသွေးတွေအေးခဲသွားသလို ဖြစ်ပီး
မျက်နှာပေါ်က အေးစက်စက်အထိတွေ့ကြောင့် သူ မျက်လုံးတွေ စက်ကနဲ ပွင့်လာမိသည်။

* နေ့ခင်းဘက်ကြီး ကြောင်တောင်" နဲ့
အဓိပ္ပါယ်မရှိတဲ့အိပ်မက်မက်နေခဲ့တာပဲ စိတ်ပျက်စရာ *

" ဟေးး
မင် အကြာကြီးအိပ်ပျော်နေလို့ နေမကောင်းဘူးလားလို့လေ ထိုင်ခုံမှာ အိပ်တာအဆင်မပြေရင် ကျနော်နဲ့ "

သူ့ကိုပြောလာတဲ့ ဂျွန်ဂျောင်ကုရဲ့ အသံက သိပ် အားမရှိစွာ..။
ဟုတ်သား မနက်တည်းကရောက်ပီး
ဂျောင်ကုကို ဆန်ပြုတ်လာပေးတာဖြစ်သည်။ညကအိပ်မပျော်တာမို့ ဘယ်ချိန်အိပ်မိသွားမှန်းမသိ
ဟိုအကောင်ကလည်းသူ့ကိုမနှိုး

" တော်ပါ ငါခဏမှေးမိသွားတာကို
မင်းသာ ဂရုစိုက် ဆေးသောက်ပီးပီလား "

" သောက်ပီးပါပီ သိပ်တော့မသက်သာသေးဘူးထင်တယ်"

ဂျောင်ကုခေါင်းအနောက်ဘက်ကိုလက်နဲ့ပွတ်ရင်းပြောလိုက်သည်။
ဂျောင်ကုရဲ့မျက်လုံးဝိုင်းတွေက အမြဲတောက်ပနေကာ တခုခုကို လိုချင်နေတဲ့ ကလေးတစ်ယောက်လိုပင် ..။

အဲ့အကြည့်တွေကိုတကယ်မကြိုက်မိ..
သို့သော်သူအကြည့်မခွာမိ။

ဂျောင်ကုကြည့်နေမိတဲ့မျက်ဝန်းအိမ်ထဲကမျက်စံနက်တွေက သူ့ကို့စိတ်ညှို့ခံလိုက်ရတဲ့လူလိုခံစားရစေသည်။
နစ်မွန်းလွယ်ပီးရုန်းထွက်ရခက်သည်။သူ မင်ယွန်းဂီ၏မျက်နှာနားဖြည်း"ချင်းကပ်သွားမိသည်။

𝗝𝗲𝗼𝗻'𝘀 𝗟𝗶𝘁𝘁𝗹𝗲 𝗠𝗶𝗻  [ rewrite ]Opowieści tętniące życiem. Odkryj je teraz