🍃
ဆောင်းဟွန်းနဲ့ တဖြည်းဖြည်း ပိုပြီးရင်းနှီးလာခဲ့တယ်။ ပြောရမယ်ဆိုရင် သူငယ်ချင်းအရင်းကြီးလိုပေါ့~ ကျွန်မအတွက် ပိုရင်းနှီးလာလေ ပိုချစ်မိလာလေ ဖြစ်နေတယ်။ သူကို အတော်ကြိုက်နေမိပြီထင်တယ်။ ကြိုက်တာဆိုတာထပ်စာရင် ချစ်တယ်ပြောရမလား။ လူအများကြီးကို ခနခန တစ်ယောက်ပြီးတစ်ယောက်ကြိုက်ခဲ့ဖူးတယ်။ ဒါပေမယ့် သူက ကွဲပြားတယ်~ အငြီးငွေ့ လွယ်တဲ့ကျွန်မက သူကိုကြိုက်နေမိတာ အချိန်ကြာခဲ့ပြီ~ ဒါက လူတွေခေါ်တဲ့အချစ်ဆိုတဲ့အရာလား?
What is love.. Is that called love??ကျွန်မ သူ့ဘေးမှနေရင် ကျွန်မကိုယ်တိုင်မဟုတ်တဲ့ လူတစ်ယောက်အတိုင်း မိန်းမအရမ်းဆန်လွန်တယ်။ ကျားကျားယားယား မိန်းမဆိိုပေမယ့် ရှင်ရှေ့မှာဆိုရင် အားနွဲ့တဲ့မိန်းမသား။ မူယာမာယာတွေတောင် ရှင်ကြောင့် ကျွန်မဟန်ဆောင်မိတယ်။ ရှင်တကယ်ပဲတုံးတာလား... အတာလား? ကျွန်မရဲ့ အချစ်ကို မမြင်နိုင်အောင်ပဲ ရှင်ကန်းသွားတာလား?
“ချစ်တယ်”ဆိုတဲ့စကား မပြောရုံတမယ် ရှင်အပေါ် ဆက်ဆံတဲ့ ကျွန်မရဲ့ အမူအယာ စိတ်နေစိတ်ထားတောင် ရှင် မရိပ်မိဘူးလား? သိရဲ့နဲ့ မသိချင်ယောင်ဆောင်နေတာလား!! ဒီလူကြီးကြောင့် ကျွန်မသွေးတိုးတယ်။။ကျွန်မဘက်ကပဲကြိုက်တယ်ပဲထင်မိပေမယ့်.. တစ်ခါတစ်လေ သူ ကျွန်မကို ဆက်ဆံတဲ့ပုံ့က အထင်လွဲချင်မိစရာ။ ‘ကျေးဇူးပြုပြီး ငါနှလုံးသားလေးကိုတော့ မကစားလိုက်ပါနဲ့’ ဘယ်လောက်ထိတောင် အထင်လွဲချင်မိစရာလဲဆိုတော့..
တစ်ခါက ဘေးအခန်းက သူ့သူငယ်ချင်းဆိုတဲ့တစ်ယောက်ကို လာတွေ့တာ ဆိုပြီး ကျွန်မရဲ့အခန်းဝကို ဖြတ်လျှောက်ကာ အခန်းထဲ သို့ လှမ်း" ကြည့်နေခဲ့တယ်။ အမှန်ဆိုရင် ကျွန်မအခန်းအဝနဲ့ သူ့သူငယ်ချင်းဆိုသူရဲ့ အခန်းဝက အဝေးကြီး။ ကျွန်မသူငယ်ချင်းတွေတောင် အထင်လွဲသွားကြတယ်။ ရှင်လာတွေကြံနေတာလဲကွယ်??
~💛~
အဲတာအပြင် ကျွန်မကိုအရမ်းဂရုစိုက်ပေးတာ။ ပြောရမယ်ဆိုရင် ကျွန်မက “နေမကောင်းဘူး” လိုပြောတဲ့နေ့၊ အဲနေ့သာ ကျွန်မ ရေခဲမုန့်၊ အချို၊ အအေး၊ မတည့်တာ စားရင် “နေမကောင်းဘူးဆို!!! ဘာလိုစားနေတာလဲ” ဆိုပြီး သူလေးဆီက အဆူခံထိနေကျ.. အဆူခံရတာ မကြိုက်ပေမယ့် သူသာဆူရင် ကျွန်မ အရမ်းပျော်တာပဲ။ အဆူခံရလို့ ပျော်နေတာ ဒီတစ်ခေါက်ပဲရှိသေးတယ်။ စိတ်ပူပေးတာများ အဖေတစ်ယောက်ကျနေတာပဲ။ ဆူလိုက်ရင်လည်း တောက်လျှောက်။ အဲလို ကျွန်မကို အရမ်းစိတ်ပူပေးတာလေ.. ‘သူငယ်ချင်းလို....’
YOU ARE READING
little things between us ♡ [sunghoon enhypen] √
Fanfictionsunghoon x oc [completed] © written in Myanmar April 10 2022 "ခံစားချက်အစစ်အမှန််ကို ဖွင့်မပြောနိုင်တဲ့ ကောင်လေးနဲ့ မပြတ်မသား ဖြစ်နေတဲ့ အခြေအနေကို မကြိုက်တဲ့ ကောင်မလေး" - ttatta #basedontruestory