အပိုင်း (၆) ။ ။ " တယ်လီဖုန်းပြောခ ကျသင့်ငွေ"

640 41 1
                                    

ဆီဆိုင် မြို့၏ နွေဥတုက  သာယာလှသည်။
နေချင်စရာအတိနှင့်  ဘယ်အရပ်ကြည့်ကြည့်  ပန်း ၊လိပ်ပြာ ၊ ပိတုန်းများဝဲရင်း   ဆောင်းမှ ပွင့်သည့် ချယ်ရီပင်၏အကိုင်းလေးများပင်  စိမ်းဆိုဆဲနှင့် ရွက်လှစိမ်းမှာ အစိမ်း၊ အဆို မပြတ်ရှိနေ၏။

လုံးချင်းအိမ်လေးနှင့်  အတော်အတန် ကျယ်ဝန်းသည့်  ခြံတစ်ခြံထဲတွင်တော့  အမျိုးသမီး တစ်ဦး  ကြက်စာကျွေးရင်းနှင့် အလုပ်ရှုပ်နေသည်။

"ဟဲ့  ၊ထော့ခွန်း  ၊ ထော့ခွန်း  ။ စားပါဟဲ့ ၊
နင့်မှာလည်းနော် ၊ ကျွေးရင်ကျ  မစားချင်ဘူး ။
မကျွေးမှ  အိုးလှန် ခွက်လှန်နဲ့ "

"အောက်အီးအီးအွတ်----!"

ကြက်ဖကြီးမှာ   အစာကျွေးနေသူ လက်မှ လွတ်ရင်း  ခြံအပြင်သို့ ထွက်ခွာသွား၏။ မထွက်ခင်   အနောက်သို့ပင်  တစ်ချက်ကြည့်ရင်း  ခြေတစ်ဖက်ကို   မြေနှင့်ဆောင့်သွားသေး၏ ။

"ထော့ခွန်း --!"

ထိုအမျိုးသမီး  ကြက်ဖကြီး၏  အမည်ကို  အသံကျယ်ကြီးနှင့် အော်လိုက်သည်။ ထိုအခါ  ရှည်တံရှည်ဆောက်လုပ်ထားသည့်အိမ်လေး၏ အပေါ်ထပ်မှ   ဘုရားရှီခိုးသံ တိတ်သွား၏ ။ ထို့နောက်တွင်

"အစာကျွေးမရရင် ကျွေးမနေနဲ့  နန်း ၊
အစာကျွေးတာ နည်းနည်း အော်သံများများနဲ့ ၊
တစ်ခါထဲ  ၊  ဘုရားရှီခိုးတာ  အာရုံ စိုက်လို့ကို မရဘူး "
စသည့် အသံများနှင့်အတူ  ပုခုံးပေါ်သို့  အညိုရောင် ပုဝါလေး  တင်ထားသည့် အမျိုးသမီး တစ်ဦး  လှေကားလေးအတိုင်း ဆင်းလာ၏။
ထိုအမျိုးသမီး၏ အသွင်မှာ တည်ငြိမ်နေပြီး 
မျက်နှာကျဟာလည်း   လှပခြင်းမျိုးမဟုတ်ပဲ 
ကြည့်လိုက်လျှင် အေးချမ်းသွားသည့်  ဟန်နှင့်  ကျက်သရေ ရှိသည်ဟု  ဆိုနိုင်၏။

" နန်း ကြောင့်  ပါ့ ဘုရားရှိခိုးတာ   အနှောက်အယှက်  ဖြစ်သွားရင်  နန်းတောင်းပန်ပါတယ်။
ထော့ခွန်းကိုက  မစားလို့  ၊ နန်းအော်မိသွားတာ "
(ပါ့ = ကြီးဒေါ်  ကိုဆိုလိုသည်)

"တော်ပါအေ  ၊ နန်းအော်တာလည်း  ကျောင်းက ကျောင်းသားတွေကို အော်နေသလိုမျိုး  ။
ကျောင်းပိတ်ထဲက  ငါက မျက်ခုံးခပ်လှုပ်လှုပ် ၊
နန်း  အိမ်မှာ ထော့ခွန်းနဲ့ တမံတလည် ဖြစ်နေမှာကို ကြိုသိနေတယ် "

အရှေ့အရပ်မှသည်အနောက်စက္ခုသို့တည် (completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ