အပိုင်း (၃) ။ ။ ရွာတန်းခြံများသို့ ...!

740 49 0
                                    

ရွာဦးကျောင်းမှ အုံးမောင်းခေါက်သံကြားလာရ၏ ။ လင်းအားကြီး အချိန်မှာ ယိဏ်း ထရင်း
ကိုယ်လက်မျက်နှာသစ်ဖို့ အောက်ထပ်သို့ ဆင်းလိုက်၏ ။ ထမှ ခေါင်းရင်းမှာ ရှိနေသော ဝါးရင်းတုတ်ကြီးကို မြင်ပြီး ယခင်ညက ဖြစ်ခဲ့သော အကြောင်းအရာများကို​ယိဏ်း ပြန်အမှတ်ရလာ၏။ မနေ့ညက သူတော်တော်ကို သရုပ်ပျက်သွားခဲ့တာ ၊ ထိုထက် သူ ကျော်ကျော့်ကိုလည်း မနည်း ရှင်းပြလိုက်ရသေး ။
နောက်မှ ဘသားချောက စတာပါ ကိုကြီးယိဏ်းရယ်တဲ့လေ ။ တကယ် ၊ ရွာသားတွေများ
အရွှတ်၊ အနောက်ကလည်း သန်ချက်ပါရောလား။

"အာယား --! အေးလိုက်တာလည်း လွန်ရော "

ရေကို ခပ်ယူပြီး တစ်ဗွန်းဗွန်းနှင့် မျက်နှာသစ်မှ
​ရေအအေးဓါတ်ကို ခံစားမိရင်း ယိဏ်း ထိုစကားလုံးများပင် ပြောထွက်လိုက်သည်။ တွင်းရေ ဖြစ်သဖြင့် ကြည်တော့ကြည်ပါ၏။
သို့သော် ဆိမ့်ချက်ကလည်း မတအား ၊
အေးဆိမ့်နေတာပဲ ။

မနက်ခင်း ဘုရားရှီခိုးပြီး အရှင်ဘုရားကို
အလျှပင် ဦးခိုက်လိုက်သည်။ ပြီးမှ လိုအပ်တာတွေ လုပ်လိုက်သည်။ ရွာထဲ ပထမဆုံးအကြိမ် သွားရမည့် နေ့ဖြစ်သဖြင့် ယိဏ်း အမြင်အေးစေမယ့် စတစ် လက်ရှည်နှင့် စတိုင်ပင် တစ်ထည်သာ ဝတ်လ်ိုက်သည် ။ ပြီးမှ ကတီပါ နက်ပြာရောက်ကို စီးလိုက်ပြီး ဆံပင်ကိုလည်း ဆီနှင့် ရွှဲရွှဲလိမ်းလိုက်ကာ ခေါင်းဖြီးခြင်း အမှုကို လုပ်လိုက်သည်။

"ကိုကြီးယိဏ်း ၊ ဗျို့ --! ကိုကြီးယိဏ်း "

"လာပြီဗျ"

ယိဏ်း အပေါ်ထပ်မှ အသံပြုရင်း အောက်ထပ်သို့ ဆင်းလိုက်သည်။ ထိုအခါ မင်းမြတ်ကို
ယိဏ်း တွေ့လိုက်ရလေ၏။

" မနက်စာ လာပို့တာ ကိုကြီးယိဏ်း"

"အားနာစရာကြီးကွာ ၊ နေ့လည် ၊ညစာ ဆို
ရပါပြီ ။ မနက်စာ မလုပ်ပါနဲ့"

"မလုပ်လို့ မရဘူး ကိုကြီးယိဏ်းရေ ၊ ကျုပ်တို့ အဘက သူ့ရွာလာတဲ့ ဧည့်သည်တွေကို မနက်စာ/နေ့လည်စာ /ညစာ မပြောနဲ့
အစာပြေစာတွေထိကို  ဧည့်ဝတ်ကျေချင်တာ ။
ကိုကြီးယိဏ်း ငြင်းလည်း မရဘူး ၊
တစ်လုပ် ၊တစ်ဆုပ် ချက်တာမဟုတ်လို့ အားမနာပါနဲ့ ကိုကြီးယိဏ်း "

အရှေ့အရပ်မှသည်အနောက်စက္ခုသို့တည် (completed) Onde histórias criam vida. Descubra agora