Chapter - (1)

206 35 1
                                    

Unicode

"ဒီအရူးသေသွားပြီလားမသိဘူး"

"သေသွားလည်းအေးတာပဲမဟုတ်လား"

"ထားလိုက်တော့....
ငါတို့သွားကြရအောင်"

ယွဲ့ယွဲက၎င်းအသံတွေကြောင့်
မျက်မှောင်ကြုတ်လိုက်ရင်း
မျက်လုံးအသာဖွင့်ကြည့်လိုက်
သည်။သူ့ရဲ့နာကျင်နေတဲ့
ခန္ဓာကိုယ်နဲ့အတူသူ့အရှေ့၌
ငယ်ရွယ်တဲ့လူငယ်ငါးယောက်
ကထွက်ခွာသွားကြသည်ကို
မြင်လိုက်ရသည်။ယွဲ့ယွဲ့ရဲ့
ခန္ဓာကိုယ်ဟာမြေပြင်ထက်၌
လဲကျနေပြီးတစ်ကိုယ်လုံးဟာ
လည်းညစ်ပတ်နံစော်နေသည်။
မနာကျင်သည့်နေရာဟူ၍
မရှိလောက်အောင်ပင်။

ရုတ်တရတ်များပြားလှသည့်
မှတ်ဥာဏ်များမှာယွဲ့ယွဲ၏
ခေါင်းထဲသို့နာကျင်စွာတိုးဝင်
လာသည်။ယွဲ့ယွဲ့ဟာမြေပြင်
ထက်တွင်သူ့ရဲ့ခန္ဓာကိုယ်လေး
ကိုကွေးချလိုက်ရင်းထိုးကိုက်
လာသည့်ခေါင်းနှင့်အပိုမှတ်ဥာဏ်
တွေကိုပြန်လည်စီစစ်နေလိုက်ရုံသာ
တတ်နိုင်သည်။

ယခုခန္ဓာကိုယ်ပိုင်ရှင်မှာ
'ဖုန်းလင်'မြို့ရဲ့ယွဲ့မိသားစုက
သခင်လေးတစ်ယောက်ဖြစ်ပြီး
သူ့ရဲ့နာမည်မှာယွဲ့ဖုချင်ဖြစ်
သည်။ယွဲ့ဖုချင်၏အဖေမှာ
ယွဲ့မိသားစုရဲ့နံပါတ်တစ်
ပါရမီရှင်ဖြစ်သလိုယွဲ့မိသားစုရဲ့
အလေးထားခြင်းအခံရဆုံး
သူဖြစ်ခဲ့ဖူးသည်။ယွဲ့ဖုချင်ရဲ့
အဖေ'ယွဲ့ချင်း'မှာပါရမီကြီး
လွန်းသည့်အမွှာသိုင်းဝိဥာဥ်
ပိုင်ရှင်ဖြစ်တာကြောင့်လျို့ဝှက်
ဆန်းကျယ်ကာအင်အားကြီးမား
သည့်ကျောင်းတော်ကြီးတစ်ခု၏
တိုက်ရိုက်တပည့်အဖြစ်
ခန့်အပ်ခြင်းခံခဲ့ရသည်။

သို့သော်တစ်နေ့၌လူတစ်ယောက်
ဟာယွဲ့အိမ်တော်သို့မွေးကင်းစ
အရွယ်ယွဲ့ဖုချင်လေးကို
ပွေ့ချီလာရင်းယွဲ့ချင်းရဲ့
သားလေးဖြစ်ကြောင်းနဲ့
ယွဲ့ချင်းမှာသေဆုံးသွားပြီ
ဖြစ်ကြောင်းပြောလာသည်။

အဲ့ဒီနောက်တော့မူလက
ယွဲ့ချင်းကိုမနာလိုဖြစ်ခဲ့ကြ
သူများမှာယွဲ့ဖုချင်လေးကို
ပြစ်ပယ်လိုက်ကြသည်။
ကံဆိုးစွာဖြင့်ယွဲ့ဖုချင်လေး
မှာမွေးကတည်းကစိတ်
ကဆင့်ကလျားဖြစ်နေသူ
ဖြစ်တာကြောင့်တစ်မိသားစု
လုံးကအရူးအဖြစ်သတ်မှတ်
ခြင်းကိုခံထားရသည်။
ယွဲ့ဖုချင်လေးရဲ့အဖွားဖြစ်သူ
ကသာကာကွယ်စောင့်ရှောက်
ထားခြင်းမရှိပါကသူ့အနေနဲ့
အချိန်မရွေးသေဆုံးသွားနိုင်သည်။

"ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်"Where stories live. Discover now