Chapter - (2)

208 35 7
                                    

Unicode

ယွဲ့ယွဲ့ကသူ့ခန္ဓာကိုယ်အခြေအနေကြောင့်အတော်လေးပျော်ရွှင်သွားပေမယ့်သူအရှေ့ကထူးဆန်းသည့်လူကိုတော့မမေ့လျော့သေးပေ။

ယွဲ့ယွဲ့ရဲ့သတိထားသည့်အကြည့်တွေကိုထိုသူကမည်သို့မှအမူအရာမပြပေ။

"မင်းရဲ့စိတ်ဝိဥာဥ်ကအတော်လေးသန်မာလာတာပဲ....မင်းရဲ့ဝိဥာဥ်ကိုသာဝါးမျိုးနိုင်ခဲ့ရင်ငါ့ရဲ့စွမ်းအားတွေကိုအနည်းအကျင်းတော့ပြန်ပြီးဖြည့်တင်းနိုင်လိမ့်မယ်...."

ထိုချောမောလှပသည့်အေးတိအေးစက်လူသားမှာယွဲ့ယွဲ့၏ခန္ဓာကိုယ်တစ်ခုလုံးကိုစုံခြည်ဆန်ခြည်ကြည့်ရင်းသရေကျစရာအစားအသောက်တစ်ခုကဲ့သို့ခံစားချက်မရှိသည့်အသံနေအသံထားဖြင့်ဆိုလာသည်။

ယွဲ့ယွဲ့၏ခန္ဓာကိုယ်မှာကြက်သီးတွေဖြာကနဲထသွားရင်းထိုသူကသူ့ကိုနောက်ပြောင်နေတာမဟုတ်ကြောင်းသူ့ရဲ့အလိုလိုသိစိတ်ကပြောနေသည်။

"နေ...နေစမ်းပါဦး....ခင်ဗျားကဘယ်နေရာကနေထွက်လာတာလဲ"

ချောမောလှပသည့်အေးတိအေးစက်ဖြင့်ထိုသူကယွဲ့ယွဲ့လည်ပင်းမှာကြိုးလေးတစ်ခုဖြင့်
တွဲဖက်ဝတ်ဆင်ထားသည့်လက်စွပ်လေးကိုညွှန်ပြသည်။

"ခင်ဗျားကဒီမှာနေတာလား....ဒါဆိုခင်ဗျားကလူမဟုတ်ဘူးပေါ့...."

ထိုသူ၏လှပသောမျက်နှာထက်တွင်အမူအရာမဲ့ကာတိတ်ဆိတ်ငြိမ်သက်နေသည်။တိတ်ဆိတ်ခြင်းကဝန်ခံခြင်းတစ်မျိုးပဲတဲ့။

ယွဲ့ယွဲ၏သတိထားမှုမှာပိုမိုများပြားလာပေမယ့်တစ်ဖက်လူရဲ့အစာဖြစ်ခြင်းကနေလွတ်မြောက်ဖို့ရန်လမ်းစရှာစဥ်းစားလိုက်သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဥာဏ်တွေအရဆိုရင်သူ့အရှေ့ကအေးတိအေးစက်မကောင်းဆိုးဝါးလိုလူကိုလုံးဝမသိတာသေချာပါသည်။ဒီတော့လှပသည့်ထိုသူမှာသူဒီခန္ဓာကိုယ်ထဲစရောက်သည့်အချိန်မှာနိုးထလာခဲ့တာသေချာသည်။

ထိုသူစိတ်ဝင်စားသည်မှာသူ့ရဲ့3Sအဆင့်စိတ်ဝိဥာဥ်ဖြစ်ပြီးသူ့ရဲ့မူလကမ္ဘာမှာဆိုရင်3Sအဆင့်စစ်သည်တော်တွေမှာတစ်ခြားသူတွေရဲ့စိတ်ဝိဥာဥ်ကိုအားဖြည့်ပေးနိုင်စွမ်းရှိသည်။

You've reached the end of published parts.

⏰ Last updated: Apr 07, 2022 ⏰

Add this story to your Library to get notified about new parts!

"ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်"Where stories live. Discover now