1.

355 65 12
                                    

ဘုရားဝတ်ပြုနေတဲ့
မားမားရဲ့ အလစ်မှာ
ရှောင်းကျန့်တစ်ယောက်
ဘုံကျောင်း အပြင်ဘက်
အသာလေး လစ်ထွက်ခဲ့တယ်..။

တတောက်တောက်နဲ့
လျှောက်သွားဖို့ အခွင့်အရေးကို
ကလေးပီပီ သိပ်ရချင်ခဲ့ပေမဲ့လို့
အရာရာ စိတ်ပူနေတတ်တဲ့မားကြောင့်
သူ အမြဲ မြင်ရတဲ့ မြင်ကွင်းက
စာအုပ်ပုံတွေ အထပ်လိုက်သာ ဖြစ်တယ်..။

ဒါကြောင့်မို့
ရလာတဲ့ အခွင့်အရေးမှာ
လက်လွှတ်မခံပဲ
တွေ့ရာမြင်ရာ ပတ်ငေးရင်းက
သစ်ပင်အကြီးကြီးတစ်ပင်ကို
သူ ရှာတွေ့တယ်..။

ဆုတောင်းစာတွေ တွဲလွဲခိုနေတဲ့သစ်ပင်ရဲ့ပင်စည်ပတ်လည်ကို ဝိုက်လို့
သစ်သားဘောင် အဝိုင်းလိုက်ကြီးရှိပေမဲ့
သူ့အရပ်နဲ့ ယှဉ်ရင် အတန်ငယ် မြင့်တာမို့
မနည်းကို ကုတ်ကတ်တက်ရပြန်တယ်..။

အ​မောဖြေရင်း
ကျကျနန ထိုင်ဖို့ဟန်ပြင်တုန်း
သစ်ပင်ရဲ့ တစ်ဖက်ခြမ်းဆီက
တရှုံ့ရှုံ့ငိုသံထွက်လာပါတယ်..။

နားရွက်ကားကားလေးတွေ
အစွမ်းကုန်ဖွင့်လို့ အသံလာရာကို
နားစွင့်လိုက်တယ်..။

နောက်တော့
သူ လေးဘက်ထောက်ပြီး
ပင်စည်ရဲ့ တစ်ဖက်ခြမ်းဆီ
အသာလေး ချောင်းကြည့်လိုက်တော့
တအီအီ ငိုနေတဲ့ ဖြူဖြူ သေးသေး
ကောင်လေးတစ်ယောက်ကို
တွေ့တယ်..။

"ဘာလို့ ငိုနေတာလဲ.."

ရုတ်တရက် ကောင်လေးက
ငိုတာ ရပ်သွားပြီး
သူ့ဘက် လှည့်ကြည့်လာတယ်..။

"ရိပေါ်ရဲ့ သံလိုက်အိမ်မြှောင်လေးကို
ဖက်တီးတို့ ယူသွားလို့..."

သူ ပင်စည်နံဘေး
ခေါင်းထွက် မေးနေရာကနေ
အခုတော့
ကိုယ်ပါ ရှေ့ရောက်လာပါတယ်..။

"ဘယ်သူ..."

သူ့ရှေ့က အငိုသန်လေးက
မျက်ရည်တွေ ထပ်ရစ်ဝိုင်းလာပြီး
နှုတ်ခမ်းလေးတွေ က
ရှေ့ အနည်းငယ် ထော်ထွက်လာတယ်..။

"မားမားပုံပါတဲ့
သံလိုက်အိမ်မြှောင်လေးကို
ဖက်တီးတို့ ယူသွားလို့.."

တိုင်တောနေပုံကိုက
သူ့ထက် အသက်ငယ်ပုံရတာမို့
ကလေးလေးကို
သူ စနောက်လိုက်တယ်..။

Above The TimeWhere stories live. Discover now