4.

303 55 1
                                    

ဒီနေ့မနက်ခင်း အစောပိုင်းမှာ
ရှောင်းကျန့်က စျေးကိုသွားတယ်..။

တက္ကသိုလ်စတက်ကတည်းက
အိမ်နဲ့ ဝေးရာမှာ တိုက်ခန်းငှားနေရတဲ့
ရှောင်းကျန့်အဖို့
သူ့ရဲ့ကျောင်းပိတ်ရက်တွေကို
မီးဖိုချောင်မှာပဲ
ပို အသုံးချဖြစ်တယ် ..။

မားကတော့
သူ့ဟင်းချက်လက်ရာက
တဖြည်းဖြည်း တိုးတက်လာနေပြီတဲ့..။

ရိပေါ်ဆိုတဲ့
ဝက်မျိုးဆက်သစ်ကလေးကတော့
သူ ဘာကျွေးကျွေး
လက်မ တစ်ချောင်းထောင်ပြပြီး
ခေါင်းမဖော်တမ်းစားတော့တာပဲ..။

ဒီတစ်ပတ် ပိတ်ရက်တော့
သူ အိမ်ပြန်လာဖြစ်တယ်..။

ရိပေါ် အကြိုက်ဆုံးက
မရိုးနိုင်တဲ့ ကြက်ဥလိပ်ဖြစ်ပြီး
ဘာဟင်းချက်ချက်
နံနံပင်များများထည့်ခိုင်းတာကလည်း
မွေးရာပါ အကျင့်တစ်ခုလိုပဲ..။

"မားမား...ကိုကိုရော.."

အိမ်ရှေ့ဘက်ဆီက အသံကြောင့်
ရှောင်းကျန့် နံနံပင်တွေ
အမြန်ဖွက်ရတယ်..။

ဒီနေ့အတွက် သူ့ menuက
စပါကတီ..။

"ကိုကို နံနံပင်..."

"ဒီအတိုင်းလေး တစ်ခါလောက်
စားကြည့်ပါဦး.."

"မဟုတ်မှ ငါ့လက်ရာက
မကောင်းလို့ အမြဲတမ်း
နံနံပင် ကူနေရတာလား.."

မားမားကတော့
မရိုးနိုင်တဲ့ ဖြစ်စဉ်တွေမှာ
သက်သေရော ရှေ့နေပါ
လိုက်ချင်တော့ဟန် မရ..။

မသိဘာသာနဲ့ အသာလေး
ထထွက်သွားတယ်..။

"မား...မားကရော
ဘယ်လဲ.."

"ကျွန်တော်မျိုးမ အခုပဲ
စားလို့ ကုန်သွားပြီလေ..
သခင်ကြီး သေချာ မမြင်လိုက်ဖူးလား.."

မားရဲ့အပြောမှာ
ခပ်တိုးတိုးလေး
ကြိတ်ရယ်နေတဲ့ ခေါင်းလုံးလုံးထက်ကို
ခက်ရင်းနဲ့ လှမ်းခေါက်လိုက်တယ်..။

"ဘာလုပ်နေတာလဲ..
စားစရာ ရှိတာစား.."

"ကိုကိုရ..ခေါင်းကို မရိုက်ရဘူး ..
ဉာဏ်ထိုင်းတတ်တယ်လို့...
ကိုကို အဲ့လို လာလာရိုက်လို့
စာမရတာ.."

"ဘာတွေလာပြောနေတာလဲ..
မင်းဘာသာ စာမလုပ်လို့ မရတာ..
အခုတလော
ဆိုင်ကယ် ခိုးစီးနေတယ်ဆို..
အားရီ ငါ့ကိုပြောတယ်
အသက်မပြည့်သေးပဲ
အဖမ်း ခံချင်နေတာလား.."

ရိပေါ်က တနှဲ့နှဲ့စားနေတဲ့ ခေါက်ဆွဲကို
ပါးစပ်ထဲ အကုန် ထိုးသွပ်ထည့်ပါတယ်..။
နောက်တော့
မကြားဟန်ဆောင်ပြီး လေလိုအလျင်နဲ့
ဧည့်ခန်း ဘက် ​​ရွေ့သွားတယ်..။

"မားမား ...ဇာတ်လမ်းတွဲ လာနေပြီလား"

"ဟေ့ကောင်..စားပြီးသား
ပန်းကန်တော့ ဆေးသွားလေ.."

ရှောင်းကျန့် ဘေစင်ထဲက
ပန်းကန်အထပ်လိုက်ကို ကြည့်ပြီး
ဗျစ်တောက်ဗျစ်တောက် ရွတ်ပါတယ်..။

"ချက်ရတော့ ငါက
ဆေးရတော့လည်း ငါက.."

ဧည့်ခန်းဘက်က
သွေးမတော် သားမစပ်
သားအမိနှစ်ယောက်ကတော့
သူတို့အတူ ကြည့်နေတဲ့
ဇာတ်လမ်းတွဲထဲမယ်
ယောက္ခမအိမ်ရောက်ခါမှ
တစ်အိမ်လုံးစားထားသမျှ
ပန်းကန်တွေ ဒိုင်ခံဆေးနေရရှာတဲ့
ဇာတ်လိုက် မင်းသမီးလေးကို
သနားလို့နေတယ်..။

"မတရားလိုက်တာ.."

ရိပေါ်ရဲ့ မကျေမနပ်အပြောမှာ
မားက ခေါင်းတဆတ်ဆတ်ညိတ်တယ်..။

ရှောင်းကျန့်ဖြင့်
အံ့ဩလွန်းလို့
ပါးစပ်တောင် မဟ နိုင်တော့..။

မဟုတ်မှ
ငါက မွေးစားသားများလား..။

You've reached the end of published parts.

⏰ Last updated: May 19, 2023 ⏰

Add this story to your Library to get notified about new parts!

Above The TimeWhere stories live. Discover now